09-261334475

တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ပုဂ္ဂလိကအား ၈ဝ ရာခိုင်နှုန်း ဆောက်လုပ်ခွင့်ပြုကာ ချေးငွေများ ထုတ်ပေးမည်

အနာဂတ်တွင် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား ၈ဝ ရာခိုင်နှုန်းအထိ ဆောက်လုပ်ခွင့်ပြုမည့်အပြင် ချေးငွေများလည်းထုတ် ချေးပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှသိရသည်။ 

''အနာဂတ်မှာ အစိုးရက ၂ဝ ရာခိုင်နှုန်းဆောက်မယ်။ ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းကို ပုဂ္ဂလိကကဆောက်မယ်။ ပုဂ္ဂလိကဆောက်တာကို ကူညီပေးမယ်။ ပံ့ပိုးပေးမယ်။ အိမ်ခြေတွေ ပိုဆောက် လာနိုင်အောင် ဂိုက်လိုင်းတွေပေးမယ်။ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နေ ချေးငွေတွေချေးပေးနိုင်အောင်လုပ်ပေးမယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာအိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန် ကြား ရေးမှူး ဒေါ်မိမိတင်က ပြောသည်။

ချေးငွေထုတ်ချေးပေးရာတွင် ဆောက်လုပ်ရေးဘဏ်ချေးငွေဖြင့်မလုံလောက်ပါက နိုင်ငံခြားဘဏ်များမှတစ်ဆင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်အတွင်းသို့ချေးငွေထည့်ပေးမည်ဖြစ်ကာ ပုဂ္ဂလိကမှ မဆောက်လုပ်နိုင်သည့်တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို
လည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ 

''အိမ်ရာစီမံကိန်းတွေနဲ့ပတ်သက်ပြီး မူဝါဒကတော့ ဆောက်လုပ် ရေး၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ ကိုယ်တိုင်တည်ဆောက်ပြီး ကိုယ်တိုင်ရောင်းချတဲ့စနစ်ကိုသုံးခဲ့တယ်။ နောက်ပိုင်းမှာကိုယ် တိုင်တည်ဆောက်တဲ့ကဏ္ဍတွေက အသင့်အတင့်ပဲရှိတော့မှာဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍက မဆောက်နိုင်တဲ့ တန်ဖိုး နည်းတွေကိုသာ ဆက် ဆောက်မှာဖြစ်တယ်''ဟု ဒေါ်မိမိတင်ကပြောသည်။

ထို့အပြင်ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်မည့်တန်ဖိုးနည်းအိမ်ရာများ၏အခန်းတန်ဖိုးကို ကျပ်သိန်း ၁ဝဝ ဝန်းကျင်ဖြင့် ရောင်း ချနိုင်ရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။

''အစိုးရက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ဖော်ဆောင်ပေးရင်လည်း အမှန်တကယ်တန်ဖိုးကြီးအိမ်ရာမဝယ်နိုင်တဲ့သူတွေကိုပဲ
ရောင်းချပေးစေချင်တယ်။ အဲဒါမှကျွန်တော်တို့လို အခြေခံလူတန်းစားတွေ အတွက်အဆင်ပြေမှာပါ။ အခုဆို အိမ်ငှားခတွေ လည်း အရမ်းမြင့်နေတယ်။ တိုက်ခန်းဝယ်နေဖို့ဆိုတာကလည်း ရတဲ့လခနဲ့စိတ်ကူးတောင် မယဉ်ရဲသလိုဖြစ်နေတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့တွင်အိမ်ငှားနေထိုင်သူ ကိုမောင်လွင်ကပြောသည်။ 

Source: democracytoday

Facebook comments