သီလ၀ါအထူးစီးပွားဇုန်အစုရှယ်ယာ ရာဂဏန်းခန့်သာ အရောင်းအ၀ယ်ဖြစ်ဟုဆို
သီလ၀ါအထူးစီးပွားရေး ဇုန် ကုမ္ပဏီရှယ်ယာတန်ဖိုးသည် ယခုလအတွင်း တည်ငြိမ်လာသော်လည်း အစုရှယ်ယာ ရာဂဏန်း ခန့်သာ အရောင်းအ၀ယ်ဖြစ်နေ ကြောင်း သတင်းရရှိသည်။‘‘ဈေးကွက်မှာ နှစ်ခုတည်း ရှိနေလို့ အီသွားတဲ့သဘောပါပဲ။ ဒီနှစ်ခုပဲ ရောင်းလိုက်ဝယ်လိုက် ဖြစ် နေတော့ ရိုးသွားတာပါ။ မထူး ဆန်းပါဘူး။ နောက်ပိုင်းကုမ္ပဏီ တွေများလာရင်တော့ အရောင်း အ၀ယ်တွေ များလာမှာပါ’’ ဟု ရန်ကုန်စတော့အိတ်ချိန်း အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။အဆိုပါ ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်း၌ စတင် စာရင်းသွင်းချိန်တွင် ရှယ်ယာဝယ် လိုအား ငါးသိန်းကျော်အထိ တက် ခဲ့သည်။ ကုမ္ပဏီ၏ရှယ်ယာတစ်စုတန်ဖိုးကို ကျပ် ၄၀,၀၀၀ သတ် မှတ်ခဲ့သော်လည်း ဈေးကွက်အဖွင့် ၌ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။နောက်ပိုင်း ရက်များတွင် ရှယ်ယာဈေးနှုန်းဆက်လက် မြင့်တက်ပြီး ကျပ် ၆၀,၀၀၀ အထိ ဈေးပေါက်ခဲ့သည်။အဆိုပါ ကုမ္ပဏီသည် နောက်ပိုင်းတွင် ရှယ်ယာဈေးပြန် လည်ကျဆင်းပြီး ယခုလ၌ ရှယ်ယာတစ်စုလျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၄၉,၀၀၀ ကြားတွင် ပြန် လည် တည်ငြိမ်လာသည်။ သို့ သော် ဇူလိုင် ၁၃ ရက်တွင် အစုရှယ်ယာ ၇၀၀ ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့သည်။ကုမ္ပဏီအနေဖြင့် ရှယ်ယာ တန်ဖိုး တည်ငြိမ်ခြင်းကိုသာ လို လားကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောထား သည်။‘‘ရှယ်ယာတန်ဖိုးက နဂိုက တည်းက ဒီလောက်ပဲပေါက်သင့် တာပါ။ ဒါပေမဲ့ ကုမ္ပဏီက အလားအလာကောင်းတော့ ရှယ်ယာပိုင် ထားတဲ့သူက မရောင်းချင်ကြဘူး’’ ဟု သီလ၀ါကုမ္ပဏီတွင် ရှယ်ယာ ပိုင်ဆိုင်ထားသည့် အမျိုးသမီးက ပြောသည်။သီလ၀ါအများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့် ရှိပြီး ကုမ္ပဏီစတင်တည်ထောင် ရန် ရှယ်ယာများရောင်းချစဉ်က ကျပ်တစ်သောင်းဖြင့် ရောင်းချခဲ့ ခြင်း ဖြစ်သည်။ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချခွင့်ရရှိထား သည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများဆက်တိုက်ကျဆင်းနေပြီး ဇူလိုင် ၁၃ ရက်တွင် ရှယ်ယာတစ်စု လျှင် အနိမ့်ဆုံးဈေး ကျပ် ၂၀,၀၀၀ အထိ ကျဆင်းသွားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှသိရသည်။ယင်းကုမ္ပဏီသည် စတင်ရောင်းချချိန်တွင် ရှယ်ယာတန်ဖိုး ဆက်တိုက်မြင့်တက်ပြီး တစ်ရက်တည်း အစုရှယ်ယာနှစ်သိန်းကျော်အထိ အရောင်းအ၀ယ် ဖြစ်ခဲ့သည်။Source: 7DayDaily
Facebook comments