Riverfront Garden နှင့် Pyay Garden Residence ကွန်ဒိုတိုက်ခန်းတွေရဲ့ တည်ဆောက်ပြီးစီးမှုအခြေအနေ
လိုင်မြစ်တစ်ဖက်ကမ်းမှာ ဆောက်လုပ်အကောင်အထည်ဖောမယ့် ၃၁ ထပ်မြင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို လာမယ့် ဇူလိုင်လမှာ စတင်ဆောက်လုပ်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ် ။ ၃၁ ထပ်မြင့် အဆောက်အအုံ နှစ်လုံးနဲ့ ၂၁ ထပ်မြင့်အဆောက်အအုံလေးလုံးပါဝင်မှာ ဖြစ်ပါတယ် ။ စီမံကိန်းကို လှိုင်သာယာမြို့နယ် ဆိတ်ကမ်းသာလမ်း ၊ ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားကြား မြေဧက ၃၁ ဧကအတွင်းရှိ ၁၀ ဧက ပေါ်မှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ် ။မြေအမျိုးအစားကတော့ ဂရန်မြေအမျိုးအစားဖြစ်ပြီး လူနေကွန်ဒို ၁၃ လုံး ၊ လူနေတိုက်ခန်းပေါင်း ၁၈၅၇ ခန်းပါဝင်မှာဖြစ်ပါတယ် ။ လက်ရှိမှာတော့ ၂၃ ထပ်အမြင့်ရှိအဆောက်အအုံ ၃ နဲ့ ၃၁ ထပ်အမြင့် အဆောက်အအုံ ၄ တို့ရဲ့ အခန်းပေါင်း ၁၃၀၀ ကို အရောင်းဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။Pyay Garden Residenceအဆိုပါအိမ်ရာစီမံကိန်းကိုတော့ လာမယ့်ဇူလိုင်လ ၁၆ ရက်နေ့မှာ အရောင်းပြခန်းဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။ အခန်းဝယ်ယူငှားရမ်းသူအနေနဲ့ အသင့်နေထိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ် ။စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်မှာ တည်ရှိပါတယ် ။ ၂၅ ထပ်အမြင့်ရှိပြီး အခန်းပေါင်း ၁၇၃ ခန်းနဲ့ ဖွဲ့စည်းထားပါတယ် ။ လူနေအိပ်ခန်း သုံးခန်းပါ အခန်းလွှတ်ပုံစံ ဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို အမေရိကန်ဒေါ်လာ ၂.၅၀ နဲ့ ပရိဘောဂပါဝင်တဲ့ အခန်းတွေကိုတော့ အမေရိကန်ဒေါ်လာ ၃.၇၀ နဲ့ ငှားရမ်းသွားမှာဖြစ်တယ် ။သုံးလအတွင်း ဝယ်ယူငှားရမ်းပါက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ဈေးတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ် ။Source: The Kumudra
Facebook comments