ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အကြီးစားပြင်ဆင်မှုပြုလုပ်
ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေ အိမ်ပြတိုက်ကို အကြီးစားပြင်ဆင် နေကာ (၆၉)နှစ်မြောက် အာဇာ နည်နေ့မတိုင်မီ ဇူလိုင် ၁၀ ရက် (ယနေ့)မှစ၍ ၁၈ ရက်အထိ ယာယီပိတ်ထားပြီး ဇူလိုင် ၁၉ ရက်တွင် အများပြည်သူများ လေ့လာ နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။ဇူလိုင် ၉ ရက် နံနက်က ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက် အကြီးစားပြင်ဆင်မှုအခြေ အနေကို လာရောက်လေ့လာခဲ့ ကြောင်း အမျိုးသားပြတိုက် (ရန် ကုန်) ညွှန်ကြားရေးမှူး ဒေါ်နန်း လောဝ်ငင်းက ပြောကြားသည်။‘‘ပြုပြင်မွမ်းမံမှုတွေလုပ်နေ တာပါ။ တချို့ကျန်တာပဲရှိတော့ တယ်။ သန့်ရှင်းရေးလုပ်ဖို့ပဲလို တော့တာ’’ဟု ၎င်းက ပြောသည်။ဗိုလ်ချုပ်အောင်ဆန်း နေ အိမ်ပြတိုက်ဝင်းအတွင်း၊ အပြင် ဆေးသုတ်ခြင်း၊ လုံခြုံရေး စီစီတီဗီ ကင်မရာတပ်ဆင်ခြင်း၊ ဗိုလ်ချုပ် စီးသည့်ကားကို ပြသရန် မှန်များဖြင့် ဂိုဒေါင်သီးသန့်တည်ဆောက် ခြင်း၊ ဝန်ထမ်းအိမ်ရာ တည် ဆောက်ခြင်း၊ အများပြည်သူ ကျန်းမာရေးအတွက် အိမ်သာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ လက်မှတ်ရောင်းချသည့် သီးသန့်နေရာကိုပါ ထည့်သွင်းတည်ဆောက်ခြင်းများ ပြီးစီးနေပြီဖြစ်သည်။ဇူလိုင် ၁၉ ရက် (၆၉)နှစ် မြောက် အာဇာနည်နေ့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲထိအခမဲ့လေ့လာခွင့်ပြုမည်ဖြစ်သည်။၁၉၂၁ မှစပြီး အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစုဥရောပပုံစံရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်သည် ယခုအခါ နှစ်ပေါင်း ၉၀ ကျော်ပြီဖြစ်သည်။၁၉၆၀ နှင့် ၁၉၉၉ နိုဝင်ဘာ တွင် ဗိုလ်ချုပ်နေအိမ်ပြတိုက် ကြံ့ ခိုင်ရေးအတွက် အကြီးစားပြုပြင် မွမ်းမံမှုပြုလုပ်ပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်မှ ယနေ့ထက် တိုင် ဖွင့်လှစ်ပြသခဲ့သည်။ယခုနှစ်တွင် အကြီးစားပြု ပြင်မွမ်းမံမှု ပြုလုပ်နေပြီး လေ့လာသူများနှင့် အလုပ်လုပ်သူများ အနှောင့်အယှက်မဖြစ်စေရန် ယာယီပိတ်ထားခြင်းဖြစ် ကြောင်းသတင်းရရှိသည်။ဗိုလ်ချုပ်အောင်ဆန်း စာ အုပ်ဖတ်နေသော ဆီလီကွန်ပုံတူ ရုပ်တုကို ပြတိုက်လေသာဆောင် ၌ ထားရှိမည်ဖြစ်ပြီး ဗိုလ်ချုပ်ဝတ် သော ကုတ်အင်္ကျီအရှည်ကို ရုပ် လုံးပေါ်အောင် ပြသသွားမည်ဖြစ် သည်။ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ကို ပြတိုက်အဖြစ် ၁၉၆၀ ဇန်နဝါရီ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြတိုက် အကျယ်အဝန်းသည် ၂ ဒသမ၄၃၂ ဧကရှိကာ ပြီးခဲ့သည့်နှစ်အာဇာနည်နေ့က ပြတိုက်သို့ လာရောက်လေ့ လာသူတစ်သောင်းခွဲ ခန့်ရှိခဲ့သည်။Source: 7DayDaily
Facebook comments