နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင်ပါက နိုင်ငံခြားသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်မည်
နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းပါဝင်သည့် ကုမ္ပဏီများကို နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး က ပြောသည်။လက်ရှိ ကုမ္ပဏီများ အက် ဥပဒေအရ နိုင်ငံခြားသားရှယ်ယာ ၁ ရာခိုင်နှုန်းပါဝင်သော ကုမ္ပဏီ များကိုသာ နိုင်ငံခြားသားကုမ္ပဏီ ဟု သတ်မှတ်နေပြီးယင်းအစား အထက်ပါအတိုင်း ပြောင်းလဲမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။‘‘ဒီလို ရှယ်ယာအချိုးအစား ကို ၀န်ကြီးက သတ်မှတ်မယ်လို့ ဥပဒေထဲမှာ ထည့်ထားတယ်။ ဒီ အချက်က အခုထွက်မယ့် ဥပဒေ အသစ်မှာ တစ်ခါတည်း ပါလာ မယ်။အခုလက်ရှိ ပုဂ္ဂလိကကဏ္ဍနဲ့ သဘောတူထားတာက ၃၅ ရာခိုင် နှုန်း နိုင်ငံခြားသားပိုင်မယ်ဆိုရင် နိုင်ငံခြား ကုမ္ပဏီအဖြစ် သတ်မှတ်မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ နှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီ ခွဲ ခြားသတ်မှတ်ရန် ပုဂ္ဂလိက ကဏ္ဍ နှင့် အခြေအနေသုံးခုကို ဆွေးနွေး ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ဆို သည်။ ပထမအခြေအနေမှာ မည် သည့် ကုမ္ပဏီမဆို ပြည်တွင်း၌ တည်ထောင်ပါက နိုင်ငံသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းဖြစ် သည်။ ဒုတိယ အမျိုးအစားမှာ နိုင်ငံသားအများစုပါဝင်လျှင် နိုင်ငံ သားပိုင်ကုမ္ပဏီဟုသတ်မှတ်ပြီး နိုင်ငံခြားသားအများစုပါဝင်လျှင် နိုင်ငံခြားသားပိုင်ကုမ္ပဏီဟု သတ် မှတ်ခြင်းဖြစ်သည်။ တတိယနည်း မှာ အထက်ပါအတိုင်း ရှယ်ယာ ပမာဏကို ခွဲခြားသတ်မှတ်ခြင်း ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။‘‘ရှယ်ယာ တစ်ရာခိုင်နှုန်း နိုင်ငံခြားသားပါတာနဲ့ နိုင်ငံခြား သားပိုင်ကုမ္ပဏီသတ်မှတ်တယ်။ အဲဒီလို ဖြစ်သွားရင် ရေခွန်ရော မီတာခရော အကုန်လုံး ဒေါ်လာနဲ့ ဆောင်ရတယ်။ လုပ်ရကိုင်ရတာ အရမ်းခက်ခဲတယ်။ ဘယ်သူမှ မ လိုက်နာချင်ကြဘူး’’ဟု UMFCCI တွဲဖက် အတွင်းရေးမှူး ဦးအေး လွင်က ပြောသည်။မြန်မာနိုင်ငံတွင် လက်ရှိ၌ ကုမ္ပဏီများနှင့်ပတ်သက်ပြီး ၁၉၁၄ ၌ ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီများအက်ဥပဒေသာရှိပြီး ယင်းဥပဒေဖြင့်သာ ပုဂ္ဂလိက ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများနှင့် နိုင်ငံခြား ကုမ္ပဏီခွင့်ပြုခြင်းနှင့်ဖျက်သိမ်းခြင်းတို့ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါအဆိုပါဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ဆောင်ရွက်နေသည်။အဆိုပါ ကုမ္ပဏီဥပဒေအပြင် ၂၀၁၂ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃ တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ထို့ ကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံ သားနှင့် နိုင်ငံခြားသား ခွဲခြားမှုရှိနေ သည်ဟု ထောက်ပြမှုများကြောင့် အဆိုပါဥပဒေနှစ်ခုကို ပြန်လည် ပေါင်းစည်းရန် စီစဉ်နေခြင်းဖြစ်သည်။Source: 7Daydaily
Facebook comments