ဂျန်းရှင်းစီးတီးတာဝါ နှင့် ဂိုးလ်ဒင်းစီးတီး အိမ်ရာစီမံကိန်း တို့၏ တည်ဆောက်ပြီးစီးမှု အခြေအနေ
ဂျန်းရှင်းစီးတီးတာဝါအဆိုပါစီမံကိန်းကို မြို့တော်စည်ပင်နဲ့ ရွှေတောင်ကုမ္ပဏီတို့ကအကျိုးတူပူးပေါင်းဆောက်လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၇၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီး စီးနေပြီးဖြစ်ပြီး Service residence ပါဝင်တဲ့ ဒုတိယ အဆင့်ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းမှာ ဆောက်လုပ်လျက်ရှိပြီး စတုရန်မိတာ ၃၄,၀၀၀ ကျယ်ဝန်းပါတယ်။အကျိုးအမြတ်တွေအနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၅၁.၆၃ ရာခိုင်နှုန်း၊ ရွှေတောင်ကုမ္ပဏီက ၄၈.၇ ရာခိုင်နှုန်း နဲ့ ကားပါကင်နေရာကို တော့ ၅၀ရာခိုင်နှုန်း စီသတ်မှတ်ထားတယ်လို့ သိရပါတယ်။စီမံကိန်းကိုတော့ ၂၀၁၃ နှစ်ကစတင်ခွင့်ပြုချက်ရရှိပြီး ဆောက်လုပ်အကောင်းအထည်ဖော်နေတာဖြစ်ပါတယ်။ဂိုးလ်ဒင်းစီးတီး အိမ်ရာစီမံကိန်းဂိုလ်းဒင်းစီးတီး အိမ်ရာစီမံကိန်းကတော့ အကြမ်းထည် အဆောက်အအုံဆောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ အဆောက်အအုံအတွင်းပိုင်း ပြင်ဆင်တာနဲ့ အချောသတ်လုပ်ငန်းတွေပြီးစီးပါက ဝယ်ယူထားတဲ့ အခန်းပိုင်ရှင်တွေကို သော့အပ်နှံသွားမှာ ဖြစ်ပါတယ်။အဆောက်အအုံကို စင်ကာပူနိုင်ငံ က ဆောက်လုပ်ရေးပညာရှင်တွေက တည်ဆောက်နေတာဖြစ်ပါတယ်။ စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် အပြီးတည်ဆောက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အထပ့်မြင့်အနေနဲ့ ၃၃ ထပ်မြင့်ပြီး စီမံကိန်းတစ်ခုလုံးကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံနဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။Source: The Kumudra
Facebook comments