သတ်မှတ်ချက်တွေ ကျော်လွန်နေတဲ့ ဟိုတယ်တွေကို အရေးယူမည်
တစ်နိုင်ငံလုံးမှာရှိနေတဲ့ ဟိုတယ်တွေအနေနဲ့ ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်ကမ်းချက် မှုဝါဒတွေနဲ့ မညီညွတ်ရင် လုပ်ငန်းလိုင်စင်ချပေးမှာ မဟုတ်ဘဲ စစ်ဆေးအရေးယူသွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ် ။‘တစ်နိုင်ငံလုံး သူ့နေရာသူ့ဒသအလိုက် ဟိုတယ်တွေကို သတ်မှတ်ချက်တွေရှိပါတယ် ၊ အခန်းအရေအတွက် ကန့်သတ်ချက် ၊ အမြင့်ပေသတ်မှတ်ချက် ၊ အကျယ်အဝန်းနေရာသတ်မှတ်ချက် စသည်ဖြင့် သတ်မှတ်ထားတာတွေ ရှိပါတယ် ၊ ဒါတွေကို ကျော်လွန်ဆောက်လုပ်ထားရင်တော့ လုပ်ငန်းလုပ်ခွင့်မပေးသလို လုင်စင်လဲမပေးပါဘူး ၊ ဇွတ်ဆက်လုပ်နေရင်တော့ စစ်ဆေးအရေးယူမှာပါ’ လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပါတယ် ။ပြည်တွင်းမှာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရင် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရခွင့်ပြုချက်အပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောက်လုပ်ရတာဖြစ်ပါတယ် ။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့လည်း ဟိုတယ်လုပ်ငန်းလုပ်ကိုင်မယ့်နေရာဒေသကို ကြည့်ပြီးအထပ်အမြင့် ၊ မြေနေရာ ၊ အခန်းအရေအတွက်ကို သတ်မှတ်ပေးပါတယ် ။ ညွန်းကြားရေးမှူး ဦးမြင့်ထွေးက ‘တချို့နေရာတွေက ခရီးသည်ဝင်ရောက်မှုများပြီး ဟိုတယ်တွေလိုအပ်ချက်များနေရင် အခန်းအရေအတွက်များများ ခွင့်ပြုပါတယ် ၊ အချို့နေရာတွေကျတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက်ကို အများကြီးခွင့်ပြုလို့မရပါဘူး ၊ ဒါကြောင့် တစ်နေရာနဲ့တစ်နေရာ သတ်မှတ်ချက်မတူနိုင်ပါဘူး’လို့ ပြောပါတယ် ။လက်ရှိအချိန်အထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက တစ်နိုင်ငံလုံးမှာ ခွင့်ပြုထားတဲ့ ဟိုတယ်အရေအတွက် ၁၃၅၁ လုံးရှိပြီး အခန်းအရေအတွက် ၅၂,၆၈၁ ခန်းရှိတယ်လို့ သိရပါတယ် ။Source: The Modern
Facebook comments