09-261334475

တစ်လချင်းပေး အငှားပုံစံနဲ့ နေရာတွေကို စိတ်ဝင်စားလာကြ

ဈေးမြင့်တဲ့ နေရာတချို့မှာနှစ်ချုပ်ငှားတဲ့ သူတွေနည်းလာပြီး တချို့တိုက်ခန်းအငှားတွေက တစ်လချင်းပေးငှားကြတာတွေများလာတယ်လို့ သိရပါတယ်။

အိမ်လခတွေဈေးမြင့်လာကြတာတွေ ကြောင့်ပါ။တစ်လကို ကျပ်တစ်သိန်းဝန်းကျင်နဲ့ တစ်သိန်းအောက်အခန်းတွေက ကျပ်နှစ်သိန်းနီးပါးဈေးမြင့်လာတယ်။အရင်ကတစ်နှစ်စာချုပ်လောက်ပေးဌားနိုင်ကြပေမဲ့ သည်နောက်ပိုင်းမှာ ခြောက်လချုပ် ၁၀ လချုပ်ကိုပဲအဆင်ပြေအောင်ရှာဖွေတေကြပါတယ်။

ကန်ထရိုက်တိုက်ငှားရမ်းမှုတွေမှာ နှစ်ချုပ်စပေါ်ပေးငှားနေတာတွေသာ များနေတယ်လို့ အကျိုးဆောင်တစ်ချို့ကပြောပါတယ်။တစ်လချင်းပေးငှားရတာက အခန်းကျဉ်းတွေဒါဘာအခန်းတွေများတယ်။လူနည်းနည်းနဲ့ လူငယ်ပိုင်းတွေ နေကြတယ်လို့ သိရပါတယ်။

အရင်ကဈေးနှုန်းမြှင့်တဲ့နေရာတွေ လောက်သာရှိခဲ့ပေမဲ့ သည်နောက်ပိုင်းမှာ ကန်ထရိုက်တိုက်တွေ၊အတွင်းဘက်ကျတဲ့ နေရာတွေမှာဘာ လပေးစနစ်နဲ့ ငှားလာကြတာပါ။ငှားရမ်းခတွေကတစ်လကို ကျပ် ၈၀၀၀၀ ကနေ ကျပ် ၁၅၀၀၀၀ ကျော် ကျပ် ၂၀၀၀၀၀ အောက်တွေရှိနေပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ဒါဘာအငှားဈေးကွက်များတာက သင်္ဃန်းကျွန်း၊တောင်ဥက္ကလာပ၊ဒေါပုံ၊သုဝဏ္ဏ၊သာကေတ တို့လို မြို့နယ်တွေမှာ များတယ်။နယ်ကလာတဲ့ သူတွေတချို့က အဆောင်မနေကြတော့ဘူး ။သူငယ်ချင်းတွေစုပြီးငှားနေကြတယ်။အမျိုးမျိုးပဲ တချို့ကတော့ တစ်ယောက်ထဲမို့ တစ်လချင်းပေးပြီး အဖော်သဘောနဲ့ ငှားကြတာတွေလည်းရှိတယ်လို့ ပြောပါတယ်။

ကန်ထရိုက်တိုက်ခန်းတွေရဲ့ အငှားဈေးကွက်က ပုံမှန်ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လုံးချင်းအငှားဈေးတွေထက် သက်သာတာကြောင့် မိသားစုနည်းသူတွေအဓိက ငှားနေကြတယ်လို့ သိရပါတယ်။

ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးအောင်ကျော်က အငှားရှိပေမဲ့ စာချုပ်ချုပ်တဲ့ ကာလတွေက ခြောက်လချုပ်ပိုများကြတယ်၊တချို့အိမ်ရှင်တွေက တစ်လချင်းပေးငှားတာမျိုးရှိတယ်၊တချို့တွေက အကျိုးဆောင်ခလျော့ရတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

အရင်ကအိမ်ငှားခကို တစ်နှစ်စာ၊နှစ် နှစ်စာ ကြိုချုပ်နိုင်ကြပေမဲ့ ဈေးမြင့်လာတဲ့ အလျောက် နှစ်ချုပ်ချုပ်ဖို့ ခက်ခဲလာပါတယ်။အများဆုံးတစ်နှစ်လောက်ပဲချုပ်နိုင်ကြတော့တယ်လို့ အကျိုးဆောင်တချို့နဲ့ ငှားရမ်းနေသူတစ်ချို့ဆီက သိရပါတယ်။

Source: The Kumudra

Facebook comments