09-261334475

ဆောက်လုပ်ရေး လုပ်ငန်း ပြန်ကောင်းဖို့အစိုးရရဲ့အကူအညီလည်း လိုအပ်

ဆောက်လုပ်ရေးလုပ်ငန်း တွေ ပြန်ကောင်းလာဖို့ လုပ်ငန်းရှင်တွေနဲ့ တင် မရဘဲ အစိုးရရဲ့ အကူအညီပါ လိုအပ်တယ်လို့   သိရပါတယ်။

ဆောက်လုပ်ရေးဈေးကွက်က ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး အရောင်း အဝယ်အေးတာကြောင့် တဖြည်းဖြည်းရပ်တန့်လာသလို ကန်ထရိုက်ငယ်တွေရဲ့ လက်ရှိအခြေအနေဟာလည်း ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပါ တယ်။  အချို့ကန် ထ ရိုက်တာတွေဆို လုပ်ငန်းဆက်လည်ပတ် နိုင်ဖို့ အလုပ်သမား ထိန်းထား နိုင်ဖို့ အ မြတ်မရှိတဲ့ စီမံကိန်းတွေကို လုပ်ဆောင်ရတဲ့ အ နေအထားတွေလည်း ရှိတယ်လို့  သိရတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းက ဒုတိယဥက္ကဋ္ဌ ဦးကိုကိုထွေးက ‘ဆောက်လုပ်ရေးလုပ်ငန်း က ပြည်တွင်းရော ပြည်ပကပါ လုပ်ဆောင် နေတဲ့ ဈေးကွက်ဆိုတော့ ပြိုလဲသွားရင် ထိခိုက်မှုပမာဏ ကြီးနိုင် တယ်၊ ဒါတွေ  ပြန် ကောင်းလာဖို့က လုပ်ငန်းရှင်တွေနဲ့ မပြီး နိုင်ဘူး၊ နိုင်ငံတော်ပိုင်းကပါ ပါဝင်ပေးဖို့ လိုတယ်”လို့ ပြောပါတယ်။

သည်နောက်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ဘဏ်က ကာလ အပိုင်းအခြားနဲ့  ချေးငွေပေးတာတွေ ရှိပါတယ်။ တကယ်လိုအပ်တဲ့ project loan လို  အတိုး နှုန်းနည်းနည်းနဲ့ နှစ်ရှည် ငွေ ချေးနိုင်တာ မျိုး တွေ ဖြစ်လာဖို့လည်း လို အပ်တယ်လို့ သိရတယ်။ ဈေးကွက်ထဲမှာ ဝယ်လိုအား ပြန် ကောင်းလာဖို့  လက်ရှိ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တိုက်တွေ နဲ့ အဆင့်မြင့် တိုက် ခန်းတွေ ရဲ့ ပေါက်ဈေး တွေ ကျဆင်း အောင် ပြုလုပ်နိုင်ဖို့လည်း လိုအပ်နေတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ဦးဇော်လင်းက ‘အိမ်ရာတွေကို အစိုးရက အရစ်ကျနဲ့ ရောင်းချပေးနေသလို ပုဂ္ဂလိက ဆောက်လုပ်တဲ့ တိုက်ခန်းအိမ် ရာတွေကိုလဲ အရစ်ကျ နှစ်ရှည်နဲ့ ဝယ်လို့ ရနိုင်အောင်လုပ်ဆောင်ဖို့ လိုတယ်၊ ကန် ထရိုက်တွေလဲ ဆောက်လုပ်ဖို့ စရိတ် ချေး ငွေရမယ်၊  ဝယ်တဲ့သူတွေလဲ ချေးငွေရမယ် ဆို ဈေးကွက်ထဲမှာ မဝယ် နိုင်တဲ့ ဈေးတန်း ဆိုတာ မရှိဘူး ဖြစ်သွားမယ်˘လို့ ပြောပါ တယ်။

ဝယ်လိုအားရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အမှန်တကယ်လိုအပ်လို့ ဝယ်ယူနေထိုင်သူတွေ ဝယ်ယူနိုင်အောင် နှစ်ရှည် ချေး ငွေရနိုင်မယ့် ဘဏ်စနစ်တွေ လိုအပ်နေတယ်။ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုအတွက် အရင်းအနှီးကုန်ကျ စရိတ်ဟာ အ နည်းဆုံး မတည်ငွေ ကျပ်သိန်း ၁၀ဝ၀ ဝန်း ကျင်နဲ့ တောင် မစတင်နိုင်တဲ့ အခြေအနေ တွေဖြစ်လာတာကြောင့် ဈေးကွက်ထဲမှာ သာမန်ရင်းမြှုပ်နှံမှုနဲ့ မရပ်တည်နိုင်တာ တွေ ဖြစ်နေတာပါ။

နိုင်ငံတကာရဲ့ စီမံကိန်းချေးငွေ (pro-ject loan )တွေက တစ်နှစ်ကို အတိုးအများဆုံး သုံးရာခိုင်နှုန်း လောက်သာ ပေးချေကြ ရသလို နှစ်ရှည်သက်တမ်းနဲ့ရပြီး ရင်းနှီး မြှုပ်နှံ ကြတာ ဖြစ်တယ်။ သည်မှာက တစ် နှစ်ကို အတိုးနှုန်း  ၁၃ ရာခိုင်နှုန်း လောက် ပေးရ တာ ဖြစ်ပြီး  နှစ်တိုဖြစ်တာကြောင့် ကွာခြားမှုတွေရှိတယ်လို့ လည်း သိရပါတယ်။

Source: The Kumudra

Facebook comments