09-261334475

နိုင်ငံခြားသားအငှား ၉၀ ရာခိုင်နှုန်း အထိရှိနေတဲ့ ပန်းလှိုင်အိမ်ရာ

အက်ဖ်အမ်အိုင်က ဆောက်လုပ်အကောင်အထည်ဖော်တည်ဆောက်လျက်ရှိတဲ့ ပန်းလှိုင်အိမ်ရာရဲ့ ၉၀ ရာခိုင်နှုန်းက နိုင်ငံခြားသားအငှားနေထိုင်တဲ့ ဈေးကွက်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီမှာရှိတဲ့ အငှားဈေးကွက်ရာခိုင်နှုန်း ၉၀ လောက်ကနိုင်ငံခြားကနေ အလုပ်လာလုပ်ပြီး နေတဲ့သူနဲ့ မိသားစုအလိုက် လာငှားနေတဲ့ သူတွေများတယ်၊မြန်မာတွေကျတော့ အခန်းတွေ အိမ်တွေဝယ်ထားပြီး ကိုယ်တိုင်နေတာထက် အငှားထားကြတာများတယ်လို့ Pun Hlaing Golf Estate ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပန်းလှိုင်အိမ်ရာ ၀န်းအတွင်းမှာရှိတဲ့ အခန်းအမျိုးအစားတွေကတော့ လုံးချင်းအိမ်ရာ ပုံစံဒီဇိုင်းအမျိုးမျိုးနဲ့ ကွန်ဒိုတိုက်ခန်းတွေပဲဖြစ်ပါတယ်။အခန်းဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၃၅၀၀ ၀န်းကျင်ကနေ အမေရိကန်ဒေါ်လာ ၈၀၀၀ ၀န်းကျင် လောက်အထိ အကျယ်အ၀န်းအလိုက် ကွဲပြားခြားနားမှုရှိပါတယ်။ဒါအပြင် အခန်းတွင်း ပါဝင်တဲ့ ၀န်ဆောင်မှု ပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိတယ်လို့ သိရပါတယ်။

ပန်းလှိုင်အိမ်ရာဝင်း အတွင်းအငှားလုပ်ငန်းတွေကိုတော့ ပန်းလှိုင်ဘက်ကနေ ၀န်ဆောင်မှုပေးနေပြီး အိမ်ငှားနဲ့ချိတ်ဆက်တာတွေကိုလည်း ၀န်ဆောင်မှုပေးပါတယ်။ဝန်ဆောင်ခ နှုန်းထားကတော့ ပုံမှန်အကျိုးဆောင်လုပ်ငန်းတွေလို ငှားရမ်းခရဲ့ တစ်လစာသတ်မှတ်ထားတာဖြစ်ပါတယ်။
အိမ်ငှားနဲ့ ချိတ်ဆက်တာကို ပန်းလှိုင်ကကိုယ်တိုင်ဝန်ဆောင်မှုပေးတဲ့ အခါကျတော့ အိမ်ငှားနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းကိစ္စတွေလည်းမရှိသလို အိမ်ရာဝင်းအတွင်း လူအပြောင်းအရွေ့ကို အတိအကျသိရတယ် လို့ ၄င်းကဆက်လက်ပြောပါတယ်။

အိမ်ရာဝင်းရဲ့ အားသာချက်တွေကတော့ နိုင်ငံတကာ အင်တာနေရှင်နယ်ကျောင်း ၊ဆေးရုံနဲ့ အပန်းဖြေနေရာတွေပါဝင်လို့ ပြည်ပကအလုပ်နဲ့ လာရောက်ပြီး ရေရှည်နေထိုင်သူတွေ ကြိုက်နှစ်သက်မှု များပါတယ်။

Source : The Modern

Facebook comments