မြို့တွင်းမြို့ပြင် မြို့နယ်များသို့ ဆက်သွယ်သွားလာမှု လွယ်ကူပြီး ဈေးနှုန်းအသင့်အတင့်ဖြင့် ကောင်းမွန်သောဒေသ ပတ်ဝန်းကျင်တစ်ခုဖြစ်သောကြောင့် တောင်ဥက္ကပမြို့နယ်အတွင်း သိန်း ၁၀၀၀ ၀န်းကျင်နှင့် အောက် အိမ်ခြံမြေ ဈေးကွက်များတွင် အရောင်းအငှား ခေါ်ဆိုမှု များပြားလာကြောင်း ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှ သွားရောက်လေ့လာ စုံစမ်းမေးမြန်းမှု အချက်အလက်များအရ သိရှိရပါသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးကွက်အခြေအနေများနှင့် ပတ်သက်၍ ဒေသခံ အကျိုးဆောင် တစ်ဦး အား တွေ့ဆုံမေးမြန်းရာတွင် "လောလောဆယ် ဈေးကွက်အနေနဲ့
တိုက်ခန်း အရောင်း ခေါ်ထားတာတွေဆိုရင် မြင်သာ ၉ လမ်း၊ ၁၀ လမ်းနဲ့ သီလလမ်း၊ ၀ရုဏလမ်းဘက်တွေမှာ တော်တော် များများ အခန်းအရောင်း လေးတွေရှိတယ် မြင်သာ ၁၁ လမ်းထဲ ဆိုရင် ၁၄'x၅၃' ၅ လွှာကို
သိန်း ၄၂၀ ၊ ၀ရုဏလမ်းထဲ ၁၂ခွဲ'x၅၂' လေးလွှာကို ၄၀၀ ၊ သီလလမ်းထဲ ၁၈'x၅၅' ၃ လွှာ အခန်းကို သိန်း ၄၂၀ စသဖြင့် ခေါ်ဈေး ရှိတယ် ကြိုပွိုင့်အရောင်းတွေဆိုရင် ပင်းယလမ်း၊ ဇာနည် လမ်းသွယ် တွေထဲမှာ သိန်း ၄၅၀/ ၅၀၀ ၀န်းကျင် ကြိုပွိုင့်အခန်းတွေလည်း စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြပါတယ် ၆ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက် ဘက်တွေမှာလည်း ပေ ၂၀ x ၆၀ အကွက်တွေကို လာကြည့်ကြတာတွေ ရှိတယ် လတ်တလော
ခေါ်ဆိုဈေး ကတော့ သိန်း ၁၅၀၀ ၀န်းကျင်ပါပဲ နေရာကောင်းမယ် လမ်းမတန်းနီးမယ် လမ်းသာတဲ့ နေရာတွေဆိုရင် ၁၇၀၀/ ၁၈၀၀ စသဖြင့် ခေါ်ကြတယ် ခြံမြေ၀ယ်ရောင်းသမားတွေ ပိုအကြည့်များသလိုရှိတယ် နေဖို့သက်သက်ဆိုရင်တော့ အများစုက သိန်း လေးငါးရာနဲ့ အများဆုံး ၁၀၀၀ ပတ်လည် ခြံမြေနဲ့ တိုက်ခန်းတွေကို ပိုစိတ်ဝင်စားကြတာတွေ့ရပါတယ်" ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သူ ကိုမြင့်နိုင်ဦးက
ပြောကြားသည်။ "အရောင်းအ၀ယ်ကတော့ ဈေးနှုန်းမှန်ရင် အရောင်းရော အငှားရော ဖြစ်ပါတယ် လုံးချင်းတွေလည်း တချို့ဖြစ်တယ် လတ်တလောကတော့ ရွေးကောက်ပွဲနဲ့ဘာနဲ့ဆိုတော့ နည်းနည်း ပါးတာလောက်ပဲရှိမယ် တိုက်ခန်း၊ မြေကွက်တွေလည်း အရောင်းအ၀ယ်အငှား သူ့ဟာနဲ့သူ ဖြစ်ပါတယ် အဓိကပွိုင့် ကတော့ ဈေးမှန်ရမယ် ၂၀၀ တန်အခန်းကို ၃၀၀ နဲ့ ရောင်းရင် ဘယ်သူမှ ၀ယ်မှာ မဟုတ်ဘူးလေ ဈေးမှန်မယ် နေရာကောင်းမယ် ၀ယ်သူရောင်းသူ အဆင်ပြေရင် အရောင်းအ၀ယ် အဖြစ်များပါတယ်" ဟု ဇလပ်ပွင့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ MD ဦးမျိုးမြင့်အောင်မှလည်း Property.com.mm သို့ ပြောကြားသည်။