အရောင်းအ၀ယ်စာချုပ် လက်ရောက်အပ်ရမယ့်အချိန် ထည့်ပါ
အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်တဲ့အခါ စာချုပ်စာတမ်းတွေချုပ်ရုံတင်မဟုတ်ပဲ လက်ရောက်ရာယူထားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။လက်ရောက်ရယူထားမှု မရှိရင် ၀ယ်ထားပေမဲ့ ပိုင်ဆိုင်ခွင့်နဲ့ စီမံပိုင်ခွင့် ၀ယ်သူမှာ မရှိသေးပါဘူး။ ဥပဒေအရ လက်ရောက်ရယူထားပြီးမှသာ ခွင့်ပြုချက်နဲ့ ထားတာ အငှားဆက်ထားတာမျိုးတွေပြုလုပ်ရင်တော့ ရတယ်လို့ သိရပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဦးကြည်မြင့် က အိမ်ဝယ်တာ အမည်ပါပြောင်းထားပေမဲ့ အိမ်ငှားရှိနေခဲ့ တယ်၊ရောင်းတဲ့ သူက ဖြေရှင်းပြီးပြီပြောပေမဲ့ တကယ်သွားကြည့်တော့ အိမ်ငှားရှိနေသေးတယ်၊ လစာပြန်အမ်းပြီး ဖယ်ခိုင်း တာတောင် မဖယ်ပေးတဲ့ အတွက် ရောင်းတဲ့သူ လဲ ရှောင်နေတာကြောင့် ငွေထပ်ကုန်ပြီးမှ အဆင်ပြေခဲ့ရတယ်လို့ ပြောပါတယ်။အရောင်းအ၀ယ်စာချုပ်မှာ ရောင်းတဲ့သူက သူလက်ရောက်အပ်နှံမယ့် အချိန်ကို စာချုပ်မှာပါဝင်တဲ့အတိုင်း အပ်ရမှာ ဖြစ်တယ်။ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက တကယ်တော့ လက်ရောက်ရယူပြီးမှ ဆက်ထားရင် ဖယ်ခိုင်းရ လွယ်တယ်၊ လက်ရောက်မရသေးတော့ တရားစွဲဖယ်ခိုင်းတာဖြစ်ဖြစ် အရင်အိမ်ရှင်ကိုဖယ်ခိုင်းတာမျိုးမှပဲ ရမယ်၊ အခုကလက်ရောက်မရသေးဘဲ ဆက်နေခိုင်းထား သလိုဖြစ်နေတော့ လက်ရောက်ရယူမှုနဲ့ တရားစွဲတာမျိုးလုပ်ရမှာပဲလို့ ရှင်းပြပါတယ်။အရောင်းအ၀ယ်ပြုလုပ်တဲ့ အခါမှာ ငွေအကျေချေပြီး စာရွက်စာတမ်းရရုံတင်မကဘဲ လက်ဝယ်အချိန်ရမယ်ကို စာချုပ်ထဲမှာ အတိအကျ ရေးသားသင့် တယ်။နောက်မှ မဖယ်ပေးရင် ဥပဒေအရ လက်ရောက်ရယူမှုနဲ့ တရားဆွဲဆိုမှသာ ရရှိမှာဖြစ်တယ်၊တချို့ကရောင်းတဲ့သူက မဖယ်ပေးတာမျိုးတွေလည်းရှိတယ်။အပျောက်စနစ်နဲ့ ၀ယ်ယူတဲ့ တိုက်ခန်းတွေက ပိုပြီးသတိပြူဖို့ လိုအပ်တယ်လို့ သိရပါတယ်။Source: The Kumudra
Facebook comments