အဆောက်အအုံ ဆောက်လုပ်ခွင့်များ ရပ်ဆိုင်းထား
အဆောက်အအုံ ဆောက်ခွင့်ပါမစ်တွေကို သည်လကုန် အထိ ပိတ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက သိရပါတယ်။ အဆောက်အအုံ အထပ်နိမ့် အထပ်မြင့်တည်ဆောက်ဖို့ တင်တဲ့ အမှုတွဲတွေ ကို ဇူလိုင်လ ၁ ရက်နေ့မှ စပြီး လက်ခံမယ် လို့ကြေညာ ထားတာဖြစ်ပါတယ်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက အဆောက်အအုံ တည်ဆောက်ခွင့်တွေ ကို မူဝါဒအသစ်နဲ့ စိစစ်ပြီး ခွင့်ပြုမှာ ဖြစ်လို့လက်ရှိအဆောက်အအုံ တည်ဆောက်ဖို့ တင်တဲ့အမှုတွဲ လက်မခံသေးတာလို့ ပြောပါတယ်။မူဝါဒအသစ်မှာ ဘယ်လိုအချက်တွေနဲ့ အဆောက်အအုံတွေကို စိစစ်ပြီးခွင့်ပြုမယ်ဆိုတာကို လက်ရှိတရားဝင်ချပြတာမရှိသေးပါဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ သည်ကြေညာချက်မထုတ်ခင် အဆောက်အအုံဆောက် လုပ်ခွင့် အမှုတွဲ တင်ထားတာတွေကိုတော့ မူဝါဒအဟောင်းနဲ့ စိစစ်ပြီး ခွင့်ပြုပေးမယ်လို့ သိရပါတယ်။မူဝါဒအသစ်ကိုလည်း အများပြည်သူသိရှိအောင် မီဒီယာတွေကနေ ကြေညာပေးမှာဖြစ်ပါတယ်။လက်ရှိအစိုးရလက်ထက်မှာ အဆောက်အအုံ တည်ဆောက် တဲ့မူဝါဒအသစ်ရေးဆွဲတာ အထပ်မြင့်အဆောက်အအုံတွေ ကို ပြန်စိစစ်တာတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီးစိစစ်ဆောင်ရွတ်နေပါတယ်။မူဝါဒသစ်တွေ ချမှတ်တာ အထပ်မြင့်တွေစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အတွင်း အထပ်မြင့်အဆောက်အအုံတွေကို တည်ဆောက်တာကို ဥပဒေစီးမျဉ်းသီးကမ်းမူဘောင် အတွင်း လုံခြုံစိတ်ချစွာ လွတ်လွတ်လပ်လပ်ဆောင်ရွတ် နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။အထပ်မြင့်အဆောက်အအုံတွေမြေပြင်အထိ ကွင်းဆင်းစစ်ဆေးတာကို သည်လ ၂၁ ရက်နေ့ကစတင်ပါတယ်။နောက်ထက်မြေပြင်ကွင်းဆင်း စစ်ဆေးဖို့ အထပ်မြင့်အထပ်မြင့် ၁၄၁ လုံးရှိတယ်လို့ သိရပါတယ်။အဆောက်အအုံတွေ ပြန်လည်စိစစ်ဖို့ လက်ရှိကျင့်သုံးနေတဲ့ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျောရိုးယူပြီး ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ မူဝါဒသစ်ရေးဆွဲမှာဖြစ်ပါတယ်။သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇွန်လအထိကို အထပ်မြင့်သုံးထပ်ကနေ ရှစ်ထပ်ခွဲအထိ စုစုပေါင်းအလုံး ၃၀၀ ခန့်သာ ခွင့်ပြုပေးခဲ့တယ်။ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က အထပ်မြင့်သုံးထပ်ကနေ ရှစ်ထပ်ခွဲအထိကို စုစုပေါင်းအလုံး ၆၀၀၀ ကျော်ခွင့်ပြုပေးတာဖြစ်ပါတယ်။Source: The Kumudra
Facebook comments