09-261334475

ပုဂံဒေသအဆောက်အအုံဆောက်လုပ်မှု စည်းမျဉ်းမူကြမ်းက အခက်အခဲဖြစ်စေဟုဆို

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ရေရှည်တည်တံ့ရေးအတွက် ဘက်စုံစည်မံကိန်း ရေးဆွဲရေးပညာရှင်တွေ ရေဆွဲထားတဲ့ အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းမူကြမ်းမှာ ဒေသခံတွေအတွက် လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် အချက်အချို့ကို ပြင်ဆင်ဖို့လိုတယ်လို့ ပုဂံမြို့ဒေသခံတွေက ပြောပါတယ်။

ရေးဆွဲထားတဲ့ အဆောက်အအုံလုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းမူကြမ်းမှာ နောက်ထပ်ဆောက်လုပ်မယ့် အဆောက်အအုံတွေအနေနဲ့ ယဉ်ကျေးမှုဒေသနဲ့ ကိုက်ညီတဲ့အရောင်၊ အထပ်အမြင့်၊ အကွာအဝေး စတဲ့ သတ်မှတ်ချက်တွေဟာ ဒေသခံတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။

“ဒီမူကြမ်းက ဒေသခံတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေသလိုလဲ ဖြစ်နေတယ်၊ အိမ်ဝိုင်း ပေ ၆၀x ပေ ၈၀ မှာ အိမ်ဆောက်ရင် ရှေ့မျက်နှာစာက ခြံဝင်းနဲ့ ၁၂ပေ ကွာရမယ်၊ နောက်ဖေးက ၁၀ပေ၊ အိမ်ဘေးနှစ်ဖက်က ၆ပေ ကွာရမယ် ဆိုတော့ အိမ်မကြီးဆောက်ဖို့က ဘာမှမကျန်တော့ဘူး၊ ကျွန်တော်တို့ အိမ်ထောင်ခွဲတွေဆို ဘယ်လိုလုပ်မလဲ၊ မိဘအိမ်ဝိုင်းထဲမှာလဲ ဆောက်လို့မရ၊ ဘယ်သွားနေရမလဲ၊” လို့ ပုဂံမြို့သစ်က ဦးကိုကိုကြီးက ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းဖို့အတွက် မာစတာပလမ်ရေးဆွဲရာမှာ အဆောက်အအုံလုပ်မှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ စည်းမျဉ်းတွေကို ဒေသခံတွေ အကြံပြုနိုင်ဖို့အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဒေသခံတွေထံ ပေးပို့ထား
တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကို အကြံပြုဖို့ ပေးထားတဲ့စာအုပ်ထဲမှာ ဒေသခံတွေအတွက် လူနေထိုင်မှုဇုန် (အာဘန်) မပါဘူး၊ အဲ့ဒါကလဲ လိုတယ်၊ မနေ့ကအစည်းအဝေးမှာ ဒါနဲ့ပတ်သတ်ပြီး မြို့မိ၊မြို့ဖတွေက သက်ဆိုင်ရာကို ကန့်ကွက်စာတင်ဖို့ လုပ်နေပါတယ်။” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

သည်စည်းမျဉ်း စည်းကမ်းစာအုပ်မှာ မြေအောက်အနက်ကိုလည်း ခုနှစ်ပေထက် မပိုရဘူးလို့ ရှိပါတယ်လို့ သိရပါတယ်။ယွန်းထည်လုပ်ငန်းတွေမှာ မြေအောက်အနက် ၁၂ပေအထိ တူးပြီး အခြောက်ခံရတာဖြစ်တဲ့အတွက် အဲ့သည်အချက်တွေကိုလည်း ပြင်ပေးဖို့လိုတယ်လို့
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။

အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်းချက်နဲ့ စည်းမျဉ်းတွေကို မြန်မာနိုင်ငံ ဗိသုကာပညာရှင် အသင်းက ရေးဆွဲတင်ပြထားတာ ဖြစ်ပါတယ်။

“တော်တော်များများက လက်ခံပါတယ်၊ အရောင်တွေ၊ အမြင့်တွေကို လက်ခံတယ်၊ လက်မခံတာက ရောင်းစားခွင့်မရှိတာတို့၊ မြေတူးတာတို့ပေါ့၊ ဒီအစီအစဉ်ကလဲဗိသုကာပညာရှင် ဒေါက်တာကျော်လတ်တို့ဦးဆောင်ပြီးဆွဲတာ၊သူတို့ကလဲ ကောင်းစေချင်တဲ့စေတနာနဲ့ပါ၊ နိုင်ငံတကာက လာနေတော့ စနစ်တကျ ဖြစ်အောင် ဒီသဘောပါ၊ ကျွန်တော်တို့အနေနဲ့လဲ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း ဖြစ်စေချင်တယ်၊ ဒီမှာက အများကြီးပဲ” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးအောင်ကြိုင်က ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ စည်းမျဉ်းတွေမှာ မြေအောက်ကို ၁၂ပေအထိ တူးခွင့်ပြုဖို့ အကြံပြုချက် ပေးပို့ထားတယ်လို့ သိရပါတယ်။

Source: The Morden

Facebook comments