09-261334475

ကွန်ဒို အရောင်းသွက်အောင် ဈေးကွက်ဆွဲဆောင်နည်းတွေ လိုနေသေး

နိုင်ငံခြားသားတွေကို ရည်ရွယ်ပြီး တည်ဆောက်နေတဲ့ ကွန်ဒို အရောင်းဈေးကွက်အေးနေသေး တာက ပြည်ပနိုင်ငံတွေမှာ နိုင်ငံခြားသားဝယ်ယူခွင့်နဲ့ ဈေးကွက် ဆွဲဆောင်နည်းတွေက ပြည်တွင်းဈေးကွက်နဲ့ ကွာဟချက်တွေ ရှိနေတာကြောင့် လို့ သိရပါတယ်။

တခြားနိုင်ငံတွေမှာ နိုင်ငံခြားသားဝယ်ယူရာမှာ ကန့်သက်ချက်တွေထားပေမယ့် ရောင်းချပေးမယ့်ကုမ္ပဏီတွေက အကျိုးခံစားခွင့်တွေ ၊၀န်ဆောင်မှုတွေကို အပြည့်အစုံပြန်ပေးတာတွေရှိပါတယ်။ဥပမာ အခွန်ဆောင်ပေးတာ အိမ်ငှားထားချင်ရင် အိမ်ငှားပါရှာပေးပြီး ပုံမှန်ငှားခလွှဲပေးတာမျိုးတွေ ဥပဒေအရ ပိုင်ဆိုင်ခွင့်အငြင်းပွားမှု မရှိအောင် တစ်ခါတည်းလုပ်ဆောင်ပေးထားတာ စတဲ့ ယုံကြည်စိတ်ချရအောင် လုပ်ဆောင်ပြီး ဈေးကွက်ကို ဆွဲဆောင်ထားတာပါ။

ပြည်တွင်းပြည်ပ အိမ်ခြံမြေအကျိုးဆောင် ဦးကျော်မင်းက ဒီမှာ လာရောင်းတဲ့ နိုင်ငံခြားကကွန်ဒိုတွေမှာဆို တစ်ခါတည်းရှေ့နေနဲ့ ချုပ်တယ်၊အစိုးရဌာနတွေမှာ အခွန်တစ်ခါတည်းဆောင်ရတယ်၊စိတ်ချရတဲ့ ၀န်ဆောင်မှုတွေရှိတယ်၊ကုမ္ပဏီတွေလည်း ၀ယ်ယူအောင်အခွန်တွေကို အချိုးကျဆောင်ပေးတာ ၊ကင်းလွှတ်ခွင့်ပေးတာ အရစ်ကျသွင်းရတာကိုလည်း အတိအကျလုပ်ပေးတယ်၊ဒီမှာကျတော့ နိုင်ငံခြားသားဝယ်ဖို့ ဦးတည်ကျပေမဲ့ ကွန်ဒို ဥပဒေရှိတာတောင် ပြည်တွင်းက၀ယ်သူတွေ အတွက်တောင် စိတ်ချရမှုအား နည်းတယ်လို့ ဈေးကွက်ကွာခြားချက်တွေကိုပြောပါတယ်။

ပြည်တွင်းဈေးကွက်မှာ ရောင်းပေးတဲ့ ကွန်ဒိုအများစုက ပထမဆုံးဝယ်ယူတဲ့သူဦးရေ ဘယ်လောက်ကို ကံစမ်းမဲဖောက်ပေးမယ်ဆိုတာ မျိုးလောက်သာရှိတယ်။ကားပါကင်နေထိုင်မှုအတွက် ၀န်ဆောင်မှု ပိုင်ဆိုင်မှု စာရွတ်စာတမ်း အရှုပ်အရှင်းကအစ တချို့တွေမှာ အားနည်းနေသေးတယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ကွန်ဒို ဥပဒေက ထွက်ပေမဲ့ ပြည်တွင်းကသူတွေတောင် ၀ယ်ဖို့စဉ်းစားရတယ်၊စိစစ်နေရသေးတယ်၊ကွန်ဒို သတ်မှတ်ချက်နဲ့ ညီရင် ကွန်ဒို ဥပဒေအတိုင်း လုပ်ဆောင်သင့်တယ်၊ဈေးကွက်ထဲက တချို့တွေက မြေပိုင်ဆိုင်မှုတွေ ခံစားခွင့်တွေကအစ အားနည်းချက်တွေရှိနေသေးတယ်လို့ ပြောပါတယ်။

Source : The Modern

Facebook comments