09-261334475

မြို့နယ်နှစ်ခုတွင် အစိုးရနှင့်ကုမ္ပဏီများက သိမ်းထားသောမြေများ ပြန်လည်ပေးအပ်ပွဲ ဒုသမ္မတ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အတွင်း စက်မှုဝန်ကြီးဌာနနှင့် ကုမ္ပဏီများက ပြန်လည်စွန့်လွှတ် သည့် လယ်ယာမြေများကို မူလ တောင်သူများထံ ပြန်လည်ပေး အပ်ပွဲသို့ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန် လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပေးအပ်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်နှင့် ဖျာပုံခရိုင်အတွင်း စက်မှုဝန်ကြီးဌာနနှင့် ယုဇနလုပ် ငန်းပိုင်ကုမ္ပဏီများက ပြန်လည် စွန့်လွှတ်သည့် လယ်ယာများအား မူလ တောင်သူများထံ ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၅ ရက်က ပုသိမ်မြို့တွင်ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် ပန်းတနော် မြို့နယ်ရှိ လွှဲပြောင်းပေးအပ်ရန် ကျန်မြေ ၃,၁၆၆ ဧကကို မူလပိုင် ရှင် တောင်သူလယ်သမား ၂၅၂ ဦးနှင့် စက်မှုဝန်ကြီးဌာနက ဖျာပုံ မြို့နယ် သီးခြားစွန့်လွှတ်သည့် နိုင်ငံပိုင်မြေ ၃,၂၆၈ ဧကကို မူလ ပိုင်ရှင် ၇၂ ဦးထံ ပြန်လည်ပေး အပ်မည်ဖြစ်ကြောင်း ဒုသမ္မတက ပြောကြားခဲ့သည်။

မူလက သိမ်းဆည်းထားပြီးမှ အသုံးမပြုတော့၍ ပြန်လည်စွန့် လွှတ်ခြင်းဖြစ်ပြီး မူလပိုင်ရှင်ထံ မြန်မြန်ရောက်ပါက မြန်မြန်အကျိုးရှိမည်ဖြစ်၍ စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရေး အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုသမ္မတက လယ်မြေသိမ်းဆည်းခံခဲ့ရသော လယ်သမားများအား ပြောကြားခဲ့သည်။

ထိုသို့ ပြန်လည်ပေးအပ်ခြင်း ကြောင့် လယ်မဲ့၊ ယာမဲ့များ ကျေး လက်ဒေသကို စွန့်ခွာသွားမှုများ၊ ကျူးကျော်နေထိုင်မှုများ၊ ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင် နေမှုများ တဖြည်းဖြည်း လျော့ ကျလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

Source: 7Daydaily

Facebook comments