ပြည်တွင်းအခွန်များဦးစီးဌာနနှင့် မြန် မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ ညှိနှိုင်းထားချက်များအရ ယခုနှစ်အတွက် ရန်ကုန်မြို့၏ မြို့နယ်အလိုက် အိမ်ခြံမြေ တစ် ပေပတ်လည် စံနှုန်းများအား ပြင်ဆင်သတ် မှတ်ရာတွင် ယခင်နှစ်များထက် လျော့နည်း ပြီး သင့်တင့်သည့်နှုန်းထားတစ်ရပ် ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ''ပြည်တွင်း အခွန်များဦးစီးဌာနက အိမ်ခြံမြေတစ်ပေ ပတ်လည်စံနှုန်းတွေကို သူတို့သဘောနဲ့သူတို့ မထုတ်ပြန်တော့ဘူး။ ကျွန်တော်တို့ အိမ်ခြံ မြေဝန်ဆောင်မှုအသင်းကို ဖိတ်ခေါ်ညှိနှိုင်း ပြီးမှ တင်ပြချက်တွေကို ညှိနှိုင်းပူးပေါင်းအကြံ ပြုထားတာ ဖြစ်ပါတယ်။ ဒီနှစ်ညှိနှိုင်းရာမှာ ပြည်တွင်းအခွန်ကနေ သက်ဆိုင်ရာမြို့နယ် အလိုက် လက်တွေ့စာရင်းလိုက်ကောက်တာ မျိုးတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့နဲ့ ညှိနှိုင်းတဲ့အခါ ဒေသပေါက်ဈေးထက် သက် သာနေတာကိုတောင် တွေ့ရပါတယ်''ဟု ပြော သည်။
ညှိနှိုင်းဆွေးနွေးထားချက်များအရ ပြည် တွင်း အခွန်များဦးစီးဌာနမှ တင်ပြလာသည့် တချို့မြို့နယ်များ၏ တစ်ပေပတ်လည် စံနှုန်း များမှာ ပြင်ပပေါက်ဈေးကျပ်သိန်း ၅၅ဝ၊ ၆ဝဝ ခန့်ကို ကျပ်သိန်း ၃၂ဝ ကျော်သာ သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဆွေးနွေးညှိနှိုင်းချက်များကို အ တည်ပြုသတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရထံသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းများ ကို အိမ်ခြံမြေအရောင်းအဝယ်၊ တည်ဆောက် မှုနှင့် ပြုပြင်ခြင်းများအပေါ် အခွန်ထမ်းဆောင် ရာ၌ ပြောင်းလဲလာသော ဈေးနှုန်းများနှင့် ကိုက်ညီမှုရှိပြီး ထိန်းချုပ်မှုရှိစေရန် ပြင်ဆင် သတ်မှတ်ခြင်း ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ၂ဝ၁၄၊ ၂ဝ၁၅ခုနှစ် များက ဝင်ငွေခွန်ပေးဆောင်မှုအတွက် သတ် မှတ်ပေးထားသော စံနှုန်းတချို့သည် ဈေးမြင့် နေခြင်း၊ မညီမျှမှုရှိခြင်းများ ရှိခဲ့သည်ဟု ဝေဖန် မှုများရှိခဲ့သည်။
Source: Yangon Media Group