09-261334475

ရန်ငြိမ်းအိမ်ရာနှင့် ပတ်ဝန်းကျင် ဈေးကွက်များ

ရန်ကင်းမြို့နယ် ရန်ငြိမ်းအိမ်ရာနှင့် အနီးပတ်ဝန်းကျင် အိမ်ခြံမြေ  ဈေးကွက်ဖြစ်ထွန်းမှု အခြေအနေများအား Property.com.mm  သတင်းမီဒီယာအဖွဲ့ မှ ယခုတစ်ပတ်အတွက် လေ့လာစုံစမ်းခဲ့သည့် သတင်းအချက် အလက် များကို အိမ်ခြံမြေ ဈေးကွက်လေ့လာသူများ အတွက် ရေးသား ဖော်ပြလိုက်ပါသည်။ ရန်ငြိမ်းအိမ်ရာနှင့် အနီးလမ်းသွယ်လမ်းမများအတွင်း လက်ရှိ  အရောင်းအငှား ဈေးကွက်ဖြစ်ထွန်းမှုများအား ဒေသခံ အိမ်ခြံမြေ

  အကျိုးဆောင်တစ်ဦးက Property.com.mm သတင်းမီဒီယာ အဖွဲ့သို့ ပြောကြားရာတွင် "ရန်ငြိမ်းအိမ်ရာဝင်းထဲမှာတော့ အရောင်းအငှားခေါ်ထားတာ  အနည်းအကျဉ်းပဲ ရှိပါတယ် စတုရန်းပေ ၉၀၀ မြေညီထပ်ကို  ၁၅ သိန်း အငှားရှိပါတယ် စတုရန်းပေ ၉၀၀ ၅ လွှာကို ၈ သိန်းနဲ့  အငှားခေါ်ထားတာလည်းရှိပါတယ်အရောင်းဆိုရင်တော့  စတုရန်းပေ ၁၀၀၀ ၄ လွှာကို သိန်း ၂၀၀၀ ၅ လွှာကို သိန်း  ၁၉၀၀ အရောင်းေ ခ်ါထားတာ ရှိပါတယ် အိမ်ရာထဲက  အရောင်းအငှားရှိတာတော့ ဒီလောက်ပါပဲ  အနီးနားက အရောင်းအငှား ဈေးကွက်တွေ ဆိုရင်တော့  အရိယမဂ္ဂင် လမ်းထဲမှာ မြေညီခန်း သိန်း ၂၀ အငှားရှိပါတယ်  အကျယ်အ၀န်းကတော့ စတုရန်းပေ ၁၀၀၀

 ကျော်ပါပဲ အောင်ဇေယျလမ်းထဲမှာလည်း စတုရန်းပေ ၁၈၀၀/၂၀၀၀ ၀န်းကျင်  ကွန်ဒိုအခန်းအငှားတစ်ချို့ရှိတယ် ဓာတ်လှေကားပါတာပေါ့  အငှားဈေးကတော့ ၁၈ သိန်း သိန်း ၂၀ ၀န်းကျင်လောက်ရှိပါတယ် 

လုံးချင်းအငှားထဲကဆိုရင် ကျောက်ကုန်းလမ်းဘက် လုံးချင်အငှား ပေ ၄၀x၇၀ RC သုံးထပ်ကို ၄၅ သိန်း အငှားခေါ်ထားတာရှိတယ် ကမ္ဘာအေးဘုရားလမ်းသွယ်ထဲမှာလည်း စတုရန်ပေ 
၂၆၀၀ လောက်ရှိမယ် RC ၂ ထပ်တစ်လုံး ၂၅ သိန်းနဲ့ အငှား ရှိပါတယ် မြေကွက် သီးသန့် ခေါ်ဆိုဈေး ဆိုရင်တော့ ကန်ဘဲ့ လမ်းပေါ် ၄၂'x၇၂' မြေကွက်ကို သိန်း ၄၅၀၀ အရောင်း ခေါ်ဆိုမှု 
ရှိပါတယ် " ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ  ကိုမြင့်အောင် က Property.com.mm သတင်းမီဒီယာ အဖွဲ့သို့ ပြောကြားသည်။


www.Property.com.mm

Facebook comments