ကွန်ဒိုတိုက်ခန်း ဆောက်လုပ်အကောင်အထည်ဖော်မှု အခြေအနေ
Sakura Executive Condominium City အဲ့သည်အိမ်ရာစီမံကိန်းကတော့ တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာ၊ ချယ်ရီဥယျာဉ်လမ်းမှာ လမယ့်လအနည်းငယ်အတွင်း စတင်ဆောက်လုပ် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။စီမံကိန်းအတွင်းမှာတော့ ၁၈ထပ်တိုက် ၁၃လုံးပါဝင်မှာဖြစ်ပြီး အခန်းပေါင်း ၁၂၅၀ ခန်း ပါဝင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆောက်လုပ်ခွင့်တင်ထားဆဲဖြစ်ပြီး ဆောက်လုပ်ချိန်ကို ငါးနှစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။အခန်းစတင်ရောင်းချမှုတွေကိုတော့ ကြိုပွိုင့်အနေနဲ့ လာမယ့်အောက်တိုဘာလအတွင်းမှာသာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။အဆင့်မြင့် ကွန်ဒိုလှိုင်မြစ်တစ်ဖက်ကမ်းမှာ ဆောက်လုပ်အကောင်အထည်ဖော်မယ့် ၃၁ထပ်အမြင့် အဆင့်မြင့် အိမ်ရာစီမံကိန်းကို လာမယ့်ဇူလိုင်လမှာစတင် ဆောက်လုပ်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။၃၁ထပ်မြင့် အဆောက်အအုံ ခုနှစ်လုံး၊ ၂၃ထပ်မြင့် အဆောက်အအုံနှစ်လုံးနဲ့ ၂၁ထပ်မြင့် အဆောက်အအုံလေးလုံး ပါဝင်မှာဖြစ်ပါတယ်။စီမံကိန်းကို လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားကြား မြေ ၃၁ဧကအတွင်းရှိ၁၀ဧကပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။မြေအမျိုးအစားကတော့ ဂရန်မြေအမျိုးအစားဖြစ်ပြီး လူနေကွန်ဒို အဆောက်အအုံ ၁၃လုံး၊ လူနေတိုက်ခန်းပေါင်း ၁၈၇၅ခန်း ပါဝင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ အရောင်းပြခန်းကို ယခုလအတွင်း စတင်ဖွင့်လှစ်ပြီး အရောင်းပြခန်းမှာ ၂၃ထပ်အမြင့်ရှိ အဆောက်အအုံနဲ့ ၃၁ထပ်အမြင့် အဆောက်အအုံတို့ရဲ့ အခန်းပေါင်း ၃၁၀ကို အရောင်းဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။Source: The Modern
Facebook comments