09-261334475

ပြင်ဦးလွင်မြို့နယ်မှာ ခွင့်ပြုချက်မဲ့ အကွက်ရိုက်မြေကွက် ၂၀၀၀ ကျော်တွေ့ရှိပြန်

ပြင်ဦးလွင်မြို့နယ် ပင်လိန်ကျေးရွာအုပ်စု သပြေရေကျေးရွာက ခွင့်ပြုချက်မဲ့ အကွက်ရိုက်ထားတဲ့ မြေကွက် ပေါင်း ၂၀၀၀ ကျော်နဲ့ ပတ်သက်လို့ မြေယာဥပဒေနဲ့အညီဆောက်ရွက်ရန် သတိပေးတားမြစ်ထားတယ် လို့ ပြင်ဦးလွင်မြို့နယ် မြေယာကိစ္စတိုင်ကြားစာ စိစစ်ရေးကော်မတီနာယက တစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက ပြောပါတယ် ။

မြေယာဥပဒေစည်းကမ်းချက်နဲ့အညီ လုပ်ကိုင်ခြင်းရှိမရှိ ၊ မြေယာစိစစ်ရေးကော်မတီဝင်တွေနဲ့ ဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့တွေ လိုက်လံစစ်ဆေးမှုပြုလုပ်စဉ်မှာ သပြေရေကျေးရွာရှိ အထပ်ပါခွင့်ပြုချက်မဲ့ အကွက်ရိုက်ထားတဲ့ မြေကွက်ပေါင်း ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

‘မြေယာဥပဒေနဲ့မညီတဲ့ အကွက်ရိုက်ရောင်းဝယ်ခြင်းတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက အဲဒီအကွက်ရိုက်တဲ့ရွာက သပြေရေရွာက ရာအိမ်မှူးကိုတော့ ခေါ်ပြောတယ် ခွင့်မပြုဘူး ၊ သက်ဆိုင်ရာကို အကွက်ရိုက်နေတဲ့သူကို ခေါ်ဆွေးနွေးဖို့ မှာထားခဲ့တယ်’ လို့ ပြင်ဦးလွင်မြို့နယ် မြေယာကိစ္စတိုင်ကြားစာစိစစ်ရေးကော်မတီ နာယက တစ်ဦးဖြစ်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ် ။

မြေယာနဲ့ပတ်သက်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ ၊ ယနေ့ထိတိုင် ဖြေရှင်းလို့မရနိုင်သေးတဲ့ အရှုပ်အရှင်းပြဿနာတွေ ပြင်ဦးလွင်မြို့မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအချို့က ပြောပါတယ် ။

Source: The Modern

Facebook comments