09-261334475

ခွဲစိတ်ရောင်းချမြေမှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ထားသင့်

သတ်မှတ်ထားတဲ့ အမည်ပေါက်ပြုလုပ်ခွင့်ရှိတဲ့ မြေအကျယ်အဝန်းမပြည့်တဲ့ ခွဲစိတ်ရောင်းချထားတဲ့မြေကိုဝယ်ယူထားသူတွေအနေနဲ့
တရားဝင်ဖြစ်အောင်အရှုပ်အရှင်းကင်းမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားသင့်တယ်လို့သိရပါတယ် ။

မြေကိုခွဲစိတ်ရောင်းဝယ်ယူခွင့်မရှိပေမဲ့ အရပ်ထဲမှာတော့နားလည်မှုနဲ့အရပ်စာချုပ်တွေချုပ်ပြီး ၁၀ပေအကျယ်၊၁၅ပေအကျယ်တွေကိုခွဲစိတ်ဝယ်ယူနေထိုင်ကြတာပါ။မြို့သစ်တွေဆင်ခြေဖုံးမြို့နယ်တွေမှာပိုများပါတယ်။မြေယာပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးလိမ်လည်မှုတွေ၊အရှုပ်အရှင်းအမှုအခင်းပုံစံအမျိုးမျိုးနဲ့ဖြစ်နေတာကြောင့်ကိုယ်တိုင်တဲ့ မြေအမျိုးအစားအလိုက်ပိုင်ဆိုင်မှုခိုင်မာအောင်ပြုလုပ်ထားသင့်တယ်လို့ သိရပါတယ် ။

ဘိုးဘွားပိုင်မြေနဲ့ဂရန်မြေအမျိုးအစားဆိုရင်မှတ်ပုံတင်စာချုပ်ပြုလုပ်ပြီးတရားဝင်ဝယ်ယူနိုင်တယ်လို့အကျိုးဆောင်ရှေ့နေတချို့ဆီကသိရပါတယ်။မြေကွက်အမည်ပေါက်အဖြစ်ပြောင်းလဲနိုင်တာကရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်းအနည်းဆုံးမျက်နှာစာကပေ၂၀ရှိရမှာပါ။ခွဲစိတ်ပြီးမြေကွက်ဧရိယာကအနည်းဆုံးစတုရန်းပေ ၁၂၀၀ရှိရမှာဖြစ်တယ် ။

ဝယ်ရောင်းအကျိုးဆောင်ဦးကျော်မိုးက ‘အမည်ပေါက်ဖြစ်တဲ့မြေကိုခွဲစိတ်ဝယ်တာမျိုးဘဲတရားဝင်မှတ်ပုံတင်နိုင်တာ ၊အဆင့်ဆင့်နဲ့လက်ဆင့်ကမ်းဝယ်ထားတာ ၊အရပ်စာချုပ်တွေနဲ့ဆိုမှတ်ပုံတင်လို့မလွယ်ဘူး ‘လို့ပြောပါတယ် ။

ဈေးကွက်ထဲမှာတော့မြေဈေးမြင့်တာကြောင့်တချို့ကမြေကွက်အပြည့်မဝယ်နိုင်ဘဲ ခွဲစိတ်ဝယ်ယူပြီးနှစ်ဦးနှစ်ဖက်နားလည်မှုနဲ့အရပ်
စာချုပ်ချူပ်ကြတယ် ။ရောင်းတဲ့သူကစာရွက်စာတမ်း အပြည့်အစုံကိုယူထားကြပြီး ၊ဝယ်ယူထားသူကစာရွက်စာတမ်းမိတ္တူပဲရရှိတာမျိုး ၊တချို့ဆိုအရပ်စာချုပ်တစ်ခုတည်းကိုပဲကိုင်ထားခွင့်ရှိတာမျိုးတွေနဲ့အရောင်းအဝယ်ပြုလုပ်နေကြတာဖြစ်တယ်လို့သိရပါတယ် ။

ဝယ်ယူတဲ့မြေကွက်ကပေ၂၀ မြေကွက်ကနေခွဲဝယ်တာမျိုးဆိုရောင်းတဲ့သူကအမည်ပေါက်ဆိုရင်မှတ်ပုံတင်အရောင်းစာချုပ်ချုပ်ဆိုလို့ရပါတယ် ။အမည်ပေါက်မဟုတ်ခဲ့ရင် အခက်အခဲရှိနိုင်ပေမဲ့ဝယ်ယူထားသူကတရားရုးံကနေတစ်ဆင့်တောင်းခံပြီးပြုလုပ်နိုင်တယ်လို့သိရပါတယ် ။

အမည်ပေါက်မဟုတ်လို့တရားရုံးကတစ်ဆင့်တောင်းခံရတယ်ဆိုတာကရောင်းတဲ့သူနဲ့မူလအမည်ပေါက်သူတွေ
ဆီကတောင်းခံရတာဖြစ်ပါတယ် ။အမည်ပေါက်ရှာမတွေ့တော့တာမျိုးဆိုတရားရုံးအမိန့်အတိုင်း ၊ဥပဒေအတိုင်းပြုလုပ်လို့ရတယ် လို့သိရပါတယ် ။သတင်းစာထဲကနေကြော်ငြာထည့်သွင်းပြီးတရားဝင်မှတ်ပုံတင်လို့ရတာပါ။အမွေဆက်ခံခွင့်နဲ့ရောင်းတာမျိုးတွေမှာ
လည်းမခွဲစိတ်ရသေးတဲ့မြေကွက်အဖြစ်ဖော်ပြပြီး အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ပြုလုပ်လို့ရတယ်လို့သိရပါတယ် ။

Source: The Kumudra

Facebook comments