ဝယ်သူမရှိလို့ လုပ်ငန်းကြန့်ကြာနေတဲ့ ဆောက်လုပ်ရေး များလား
မြို့တွင်းတိုက်ခန်းတွေထက် အသစ်ဆောက်လုပ်တဲ့ တိုက်ခန်းအိမ်ရာတွေရဲ့ ဝယ်လက်တဖြည်းဖြည်းလျော့နည်းလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ် ။ရောင်းချနေတဲ့ ကျပ်သိန်း ၂၀၀ ဝန်းကျင် နဲ့ သိန်း ၅၀၀ အောက်တွေကိုသာ နေဖို့ဝယ်သူတချို့ရှိပါတယ် ။ ဈေးနှုန်းမြင့်မားတဲ့ ကွန်ဒိုတိုက်ခန်းတွေ တဖြည်းဖြည်းဝယ်လက်ပျောက်လာပါတယ် ။တချို့အဆင့်မြင့်တိုက်ခန်းစီမံကိန်းတွေလည်း လုပ်ငန်းတွေ ကြန့်ကြာနေတာမျိုးရှိနေပါတယ် ။ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက ‘ဆောက်လုပ်ရေးတွေ အကြီးစားတွေရော ၊ တိုက်ခန်းတွေရော အကုန်နီးပါးက ကိုယ်ပိုင်ငွေကြေးနဲ့လည်ပတ်နေရတာ ၊ ငွေမလိုက်နိုင်တဲ့ စီမံကိန်းက ရပ်တန့်ပြီး ကျန်ခဲ့မှာပဲ’ လို့ ဈေးကွက်အတွင်း အခြေအနေကိုပြောပြပါတယ် ။ပြည်ပက လာရောက်ဆောက်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူငှားရမ်းဆောက်လုပ်ကြတာတွေလည်းရှိပြီး အခုလိုဈေးကွက်အေးနေချိန်မှာ ပြည်ပဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက စောင့်ကြည့်ကြတာမျိုးတွေကြောင့်လည်း ကြန့်ကြာတာတွေရှိတယ်လို့ သိရပါတယ် ။အခုလက်ရှိဈေးကွက်အနေအထားက ဝယ်လက်လုံးဝပျောက်တာမျိုးမဟုတ်ဘဲ နေထိုင်သူ ဈေးကွက်ရှိ နေသေးတာကြောင့် ပြောင်းလဲလာမယ့်အခြေအနေကို စောင့်ကြည့်နေကြပါတယ် ။ဝယ်ရောင်းအကျိုးဆောင် ဦးကျော်နိုင်က ‘အရင်တိုက်ခန်းအရောင်းအဝယ်ဈေးကွက်ကတော့ ပွဲဖြစ်တာမျိုးတွေရှိပါတယ် ၊ အသစ်ဆောက်လုပ်နေတဲ့ ဈေးကွက်ကသာ ဝယ်လက်ပျောက်နေတာမျိုးပါ ၊ ဈေးကွက်ထဲမှာလဲ ဆောက်လုပ်နေတဲ့ အဆင့်မြင့်အိမ်ရာတွေ ၊ ကွန်ဒိုတွေက များနေတော့ ရောင်းလိုအားကသာများနေတာ ၊ ဝယ်လိုအားမရှိတဲ့ဈေးကွက်ဖြစ်နေတာ’ လို့ပြောပါတယ် ။Source: The Kumudra
Facebook comments