09-261334475

လမ်းမတော်နှင့်လသာမြို့နယ် ကမ်းနားလမ်းမနှင့် ပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက်များ

မြို့တွင်းဧရိယာအတွင်း ပါဝင်သည် လမ်းမတော်နှင့်  လသာမြို့နယ် ကမ်းနားလမ်းမတစ်လျှောက်နှင့် လမ်းသွယ်များ  အတွင်း ဖြစ်ပေါ်နေသေ အိမ်ခြံမြေဈေးကွက်အခြေအနေများအား ကျွန်တော်တို့ Property.com.mm 

သတင်း မီဒီယာအဖွဲ့မှ  ယခုနိုဝင်ဘာလ ပထမပတ် အတွင်း စုံစမ်းရယူခဲ့သည့် သတင်း  အချက်အလက်များအား အိမ်ခြံမြေ လေ့လာသူများအတွက် ရေးသားတင်ပြလိုက်ပါသည်။ဈေးကွက်အခြေအနေများ သိရှိနိုင်ရန်အတွက် ဒေသခံ  အကျိုးဆောင်တစ်ဦးအား မေးမြန်းရာတွင် "အရောင်းအ၀ယ် အခြေအနေကတော့ အရောင်းတွေရှိပေမယ့်  အ၀ယ် အေးနေပါတယ်ခင်ဗျ အငှားလေးတွေတော့ ဖြစ်ပါတယ် လသာဘက်တွေမှာလည်း အခန်းငှားတွေရှိတယ်လမ်းမတော်ဘက် ဆိုရင် အငှားခေါ်တာတွေ ပိုများပါတယ် လသာဘက်ကမ်းနား  လမ်းမပေါ်မှာ လတ်တလောအငှားခေါ်ထားတာဆိုရင် ၁၉'x၅၀' မြေညီထပ်ခိုးပါ ၁၅ သိန်း အငှားရှိပါတယ် အရောင်းထဲကဆိုရင်

တော့  ၁၂ခွဲ'x၄၀' မြေညီ သိန်း၁၅၀၀ အရောင်းရှိပါတယ် ၁၈ လမ်းထဲ  ၁၆'x၄၀ လေးလွှာကို သိမ်း ၆၀၀ အရောင်းခေါ်ထားပါတယ် ၁၂'x၅၀' ၄လွှာကို သိန်း ၅၉၀ အရောင်းလည်း ရှိပါတယ်  ၁၇လမ်းထဲ၁၂ခွဲ'x၄၀' ဒုတိယ

ထပ်ကို သိန်း ၆၅၀ ၁၈ လမ်းထဲ  ၁၆'x၄၀' လေးလွှာကို သိန်း ၆၀၀ စသဖြင့် ဈေးခေါ်ထားပါတယ် လမ်းမတော်ဘက်ဆို ကမ်းနားလမ်းမပေါ် ၂၅'x၅၀' ၃ ထပ် တစ်လုံး  ၄၅သိန်းအငှားရှိတယ် ၂၆'x၅၀' RC ၂ ထပ်ကို သိန်း ၄၀

အငှားဈေးခေါ်ထားတာရှိပါတယ် ကမ်းနားလမ်းပေါ်ထက်  လမ်းသွယ်တွေထဲအရောင်းခေါ်ထားတာ ပိုများတယ် ၅လမ်း ကနေ ၁၆ လမ်းလောက်ထိ အခန်းအငှားတွေတော်တော်များများ ရှိတယ် ၅ လမ်းထဲဆိုရင် ၁၂ခွဲ'x၄၅' ပထမကို သိန်း ၁၀၀၀ ခေါ်ထားပါတယ် ၆ လမ်းထဲမှာ ၁၂ခွဲ'x၄၅' ကိုပဲ ၅ လွှာ သိန်း  ၈၀၀ နဲ့ ၇လမ်းထဲမှာ ၁၂ခွဲ'x၄၅' ၆ လွှာ သိန်း ၅၅၀ အရောင်း ရှိပါတယ် " ဟုလမ်းမတော်မြို့နယ်နေ အိမ်ခြံမြေအကျိုးဆောင် တစ်ဦး

 ဖြစ်သည့် ကိုအောင်မိုးက Property.com.mm သတင်း မီဒီယာသို့ ပြောကြားသည်။ လမ်းမတော်၊ လသာနှင့် ပန်းပဲတန်းမြို့နယ် ကမ်းနားလမ်းမပေါ်နှင့်  အနီးလမ်းသွယ်များတွင် ဘဏ်၊ကုမ္ပဏီရုံးခန်းနှင့်ဟိုတယ်များနှင့် 

စားသောက်ဆိုင် လုပ်ငန်း များပိုမိုဖွင့်လှစ်လုပ်ကိုင်လာသည်ကို  တွေ့လာရပြီး လူနေထိုင်မှုအတွက်မှာလည်း ကမ်းနားတစ်လျှောက်မြင်ကွင်းကောင်းမွန်ခြင်း၊ ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ လေ၀င် လေထွက်ကောင်းမွန်ခြင်း၊

 မြို့တွင်းဧရိယာဖြစ်ခြင်းများကြောင့် အိမ်ခြံမြေ ရောင်းဝယ်ငှားဈေးကွက်တွင်စိတ်ဝင်စားသူ များပြားသောနေရာများဖြစ်ကြောင်း လေ့လာစုံစမ်းသိရှိရပါသည်။


www.Property.com.mm

Facebook comments