09-261334475

အိမ်ခြံမြေ စံနှုန်းတွေအတွက် ညှိ့နှိုင်းဆွေးနွေး

မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို) ကသည်နှစ်အတွက် အိမ်ခြံမြေ တစ်ပေပက်လည် စံနှုန်းတွေကို ပြင်ဆင်သတ်မှတ်နိုင်ဖို့ ညှိ့နှိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်ရန်ကုန်မြို့ရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေတစ်ပေပက်လည် စံနှုန်းတွေကိုသတ်မှတ်နိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပြီးသက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနတွေနဲ့ ညှိနှိုင်းပူးပေါင်းပြီးဆောင်ရွက်ခဲ့တာဖြစ်တယ် ။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှအသင်းဝင်ဦးအောင်ကျော်ဝင်းက’ အတည်ပြုဖို့ကိုတော့ တိုင်းဒေသကြီးအစိုးရကိုဆက်ပြီးတင်ပြသွားမှာပါ ၊လုပ်ဆောင်ထားတဲ့ စံနှုန်းတွေနဲ့ပတ်သတ်ပြီးဒီရက်ပိုင်းတွေအတွင်းမှာဘဲထုတ်ပြန်ပေးမှာ’လို့ ဖုန်းကတစ်ဆင့်ဖြေကြားပေးပါတယ် ။

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်တဲ့အခါမှာ ဝင်ငွေခွန်ပေးထားတဲ့အရင်နှစ်စံနှုန်းတချို့ဈေးမြင့်နေတာ ၊ညီမျှမှုတွေသိပ်မရှိဘူးလို့ဝေဖန်မှုတွေရှိခဲ့ပါတယ် ။

Source: The Modern

Facebook comments