ရွေးကောက်ပွဲအပြီး ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းမှုရှိသော်လည်း အရောင်းအ ၀ယ်ဖြစ်မှု ၅၀ ရာခိုင်နှုန်းလျော့ ကျသွားကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ များက ပြောသည်။ြ ပည်တွင်းစီးပွားရေးလုပ်ငန်း
ရှင်များအနေဖြင့် ရွေးကောက်ပွဲပြီး နောက် တက်လာမည့်အစိုးရ လက်ထက်တွင် ဖြစ်ပေါ်လာနိုင် သော အိမ်ခြံမြေ ဈေးနှုန်းများ၊ အိမ်ခြံမြေမူဝါဒ အပြောင်းအလဲပေါ် မူတည်၍ ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြုလုပ်နေကြကြောင်း
စိုင်းခန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးစိုင်းခွန်နောင်က ပြောသည်။ အိမ်ခြံမြေ ၀ယ်ယူထားသူ များသည် အရောင်းအ၀ယ်အေး နေခြင်းကြောင့် ထပ်မံဝယ်ယူခြင်း မပြုလုပ်ကြဘဲ ငှားရမ်းမှုသာ ပြု လုပ်နေကြသည်။ ငှားရမ်းမှုများ တွင် လတ်တလော၌ နိုင်ငံခြား ကုမ္ပဏီများ၊ ပြည်တွင်း စား သောက်ဆိုင်လုပ်ငန်းများနှင့် အ ခြား စီးပွားရေး လုပ်ငန်းများအ တွက် ငှားရမ်းမှုများကြောင်း အိမ် ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ် ကိုင်နေသူအချို့က ပြောသည်။
‘‘တစ်နိုင်ငံလုံး အတိုင်းအ တာအရ အရောင်းနဲ့ အငှားဆိုရင်အငှားကတော့ ဖြစ်တယ်။ အ ရောင်းအ၀ယ်က တော်တော်နှေး ကွေးတယ်။ အရောင်းအ၀ယ်ဖြစ်မှုက ရာခိုင်နှုန်းထက်ဝက်လောက် ကျတယ်။ တချို့ နေရာတွေမှာ အိမ်ခြံမြေအရောင်းအ၀ယ်ဖြစ်မှု ၅၀ ရာခိုင်နှုန်းကျော် ကျသွား တယ်’’ ဟု ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဦးတင် မောင်က ပြောသည်။
အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်သည် ပြည်တွင်းလုပ် ငန်းရှင်များအနေဖြင့် ကိုယ်တိုင် အရောင်းအ၀ယ်ပြုလုပ်နိုင်ခြင်း ကြောင့် ရပ်တန့်မည် မဟုတ်ဘဲ လူဦးရေ တိုးတက်လာခြင်း ကြောင့် စတော့ရှယ်ယာ ဈေး ကွက် ပေါ်ပေါက်လာလျှင်ပင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို ထိခိုက်မှုမရှိကြောင်း၊ လာမည့် နှစ်အတွင်း ကွန်ဒိုတိုက်ခန်းအ သစ်များ ဈေးကွက်အတွင်း ထပ် မံပေါ်ပေါက်လာနိုင်သဖြင့် ဈေး နှုန်းများ ကျဆင်းဖွယ်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ အချို့က ခန့်မှန်းသည်။
‘‘စတော့ရှယ်ယာဈေးကွက် ပေါ်လာရင် ပြည်သူတွေ နောက် ထပ်ရွေးချယ်စရာ အခွင့်အလမ်း တစ်ခုရလာနိုင်တယ်။ ၂၀၁၆ မှာ အိမ်ခြံမြေအရောင်းအ၀ယ်ဖြစ် လာနိုင်တယ်။ လာမယ့်နှစ်မှာ ကွန်ဒိုနဲ့ တိုက်ခန်းအသစ်တွေ ခန့် မှန်းငါးသောင်းကျော်လောက်ပြီး နိုင်တယ်။ ဒါကြောင့် ရောင်းချင် တဲ့ သူများလာပြီး ဈေးနှုန်းလည်းး ကျလာနိုင်တယ်’’ဟု iMyanmar House.com မန်နေဂျင်း ဒါရိုက် တာ ဦးနေမင်းသူက ပြောကြားသည်။
စတော့ရှယ်ယာဈေးကွက် ကို အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်နေသော် လည်း အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်သို့ အကျိုးသက်ရောက် မှု မရှိနိုင်ကြောင်း အိမ်ခြံမြေဈေး ကွက်ကျွမ်းကျင်သူအချို့က ဆို သည်။
‘‘စတော့ရှယ်ယာဈေးကွက် ၀င်လာရင် အိမ်ခြံမြေဈေးကွက် ကို ရိုက်ခတ်မှု မရှိနိုင်သေးဘူး။ စတော့အိတ်ချိန်းကလည်း နိုင်ငံ နဲ့ ရင်းနှီးမှု သိပ်မရှိသေးတာ ကြောင့် ချက်ချင်းကြီးထိခိုက်မှု မရှိနိုင်ဘူး။ အနာဂတ်မှာတော့ တက်လာမယ့် အစိုးရရဲ့ မူဝါဒ ပေါ် အများကြီး မူတည်တယ်။ ပြည်ပလုပ်ငန်းရှင်တွေ သဘော ကျလောက်မယ့် မူဝါဒတည်ငြိမ်မှု ရှိရင် အိမ်ခြံမြေဈေးကွက်ကောင်း လာနိုင်မယ်’’ဟု ဦးစိုင်းခွန်နောင် က ပြောသည်။