09-261334475

အဆောက်အအုံ ပြင်ဆင်၊ ဖျက်သိမ်းခွင့်တင်ရင် မြေပိုင်ရှင် သိထားရမယ့် အချက်ရှိ

အဆောက်အအုံပြင်ဆင်တာ၊ ဖျက်မိန့်တင်တဲ့အခါတွေမှာ မြေရှင်တွေအနေနဲ့ သိရမယ့် အချက်တွေရှိပြီး တိုက်ခန်းပိုင်ရှင်တွေကလည်း ဥပဒေအရအခန်းပြင်ရပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
အပျောက်တိုက်ခန်းပိုင်ရှင်တွေက ဥပဒေအရ နေထိုင်သုံးစွဲပိုင်ခွင့်နဲ့ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချခွင့်ရှိတဲ့ အိမ်ငှါးဖြစ်ပါတယ်။သက်တမ်းပဲကုန်ကုန်၊ ပြိုကျပျက်စီး
တာပဲဖြစ်ဖြစ် ၁၉၆၀ ပြည့်နှစ် မြိုပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ဥပဒေအရအိမ်ငှါးအဖြစ်နဲ့သာ ရင်ဆိုင်ကြရမှာပါ။

ဒါပေမဲ့ သည်ဥပဒေပုဒ်မ ၁၂(၁)(ဃ) အရတော့ တိုက်ခန်းပိုင်ရှင်မှာ ခံစားခွင့်ရှိတယ်လို့ အကျိုးဆောင်ရှေ့နေတချို့က ပြောပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက ‘ ပုဒ်မ ၁၂(၁)(ဃ)အရတော့ ပြန်လည်ဆောက်လုပ်မှုပြုလုပ်တဲ့အခါ မြေပိုင်ရှင်က မူလအိမ်ငှါးတွေကို စတင်ပြောင်းရွေ့တဲ့နေ့ ကနေတစ်နှစ်အတွင်း ပြောင်းရွှေ့ရတဲ့ကိစ္စ ပြီးစီးအောင်
ပြန်ပြီးအခန်းငှါးပေးရတာမျိုး ဆောင်ရွတ်ဖို့ပါတယ် ' လို့ ရှင်းပြပါတယ်။

အဆောက်အအုံပြင်ဆင်တာ၊ ဖျက်မိန့်တင်တဲ့အခါတွေမှာလည်း ကန်ထရိုက်တာက ပြောတဲ့အတိုင်းမဟုတ်ဘဲ မြေရှင်တွေ
ကိုယ်တိုင်လည်း ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်တွေကို သိထားသင့်တယ်လို့ပြောပါတယ်။တချို့တိုက်ခန်းတွေမှာ ကန်ထရိုက်တာက လုပ်ငန်းဆက်မလုပ်တော့လို့ မြေရှင်ကလည်း မတက်နိုင် ၊ တိုက်ခန်းပိုင်ရှင်တွေကလည်း မစောင့်နိုင် စတဲ့ အငြင်းပွားစရာ ပြသာနာတွေ ဖြစ်တက်ကြတာပါ။

ဖျက်မိန့်တင်မယ်ဆိုရင်

အဆောက်အအုံဖျက်သိမ်းတဲ့အလျှောက်လွှာ ၊ လျှောက်ထားသူရဲ့ မှတ်ပုံတင်မိတ္တူ ၊ သက်ဆိုင်ရာဌာနကသုံးနှစ်အတွင်း ထုတ်ပေးထားတဲ့ ရုံးထုတ်မြေပုံနဲ့ မြေရာဇဝင်မိတ္တူမူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။စည်ပင်သာယာအခွန် ကြွေကျန်မရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုပါတယ်။
နောက်ထပ် လိုအပ်တာတွေကအဆိုပြု အဆောက်အအုံဖျက်သိမ်းရာမှာ ဘေးကပ်လျက်ရှိတဲ့ အဆောက်အအုံပျက်စီးမှု မရှိစေရန် ဖျက်သိမ်းပေးပါဆိုတဲ့ အကြောင်းအရာကို မြေပိုင်ရှင်နဲ့ လိုင်စင်ရအင်ဂျင်နီယာတို့ရဲ့ ဝန်ခံကတိပြုစာချုပ်ဖြစ်တယ်။လျှောက်ထားသူက ဖျက်သိမ်းခြင်းအတွက် ဖြစ်ပေါ်လာမယ့် ကိစ္စအားလုံးကို တာဝန်ယူတဲ့ ဝန်ခံကတိစာချုပ်လည်း လိုပါတယ်။
ဖျက်သိမ်းမယ့် အဆောက်အအုံဟောင်းမှာ အိမ်ငှါးရှိရင် အိမ်ရှင်၊အိမ်ငှါးပြသာနာမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး
ရဲ့ ထောက်ခံချက်မူရင်နဲ့ ဖျက်သိမ်းတဲ့အဆောက်အအုံရဲ့ ဓာတ်ပုံ၊ ဘေးနှစ်ဖက်မှာရှိတဲ့ အဆောက်အအုံရဲ့ ဓာတ်ပုံတွေလိုအပ်တယ်လို့ သိရပါတယ်။

အဆောက်အအုံပြင်ဆင်မှုဆိုရင်

အဆောက်အအုံကို အကြီးစာပြင်ဆင်တဲ့အခါမှာ တင်ပြရတာဖြစ်ပါတယ်။မူလအဆောက်အအုံကို တိုးချဲ့တာ၊ မြှင့်တာ ၊ နှိမ့်ချတာ မဟုတ်ဘဲ မူလပစ္စည်းအမျိုးအစား ဒါမှမဟုတ် ပိုခိုင်ခံ့တဲ့ ပစ္စည်းတွေကို ပြောင်းလဲသုံးစွဲပြီး ရှိရင်းပုံသဏ္ဏန်ကို မပြောင်းလဲဘဲ ပြင်ဆင်တာမျိုးဖြစ်ပါတယ်။
လျှောက်ထားတဲ့အခါမှာ မြေပိုင်ဆိုင်မှု အထောက်အထားမိတ္တူမှန် မူရင်းနဲ့ တိုက်ဆိုင်စစ်ဆေးဖို့နဲ့ ပြင်ဆင်လိုတဲ့ အဆောက်အအုံနဲ့ ပြင်ဆင်လိုတဲ့ အစိတ်အပိုင်းဓာတ်ပုံတို့ပါ။လက်ရှိအဆောက်
အအုံပြင်ဆင်မယ့် အဆောက်အအုံပုံစံသုံးစုံ၊ ပြင်ဆင်မယ့်အစိတ်အပိုင်းကို အနီရောင်ခြယ်ပြီး ပေးရမှာဖြစ်ပါတယ်။သက်ဆိုင်ရာရပ်ကွက်အာဏာပိုင်အဖွဲ့အစည်းရဲ့ သဘောထားမှတ်ချက် ၊ အိမ်ငှါးဖြစ်ရင်လည်း အိမ်ရှင်ရဲ့ သဘောထားမှတ်ချက်၊ အိမ်ရှင်၊ အိမ်ငှါးပြသာနာဖြစ်ရင်လည်း မြို့နယ် ငှါးရမ်းခကြီးကြပ်ရေးဝန်ရဲ့ သဘောထာမှတ်ချက် လိုတယ်လို့သိရပါတယ်။နောက်ဆုံကတော့ လျှောက်ထားသူရဲ့ မှတ်ပုံတင်မိတ္တူနဲ့ သန်ခေါင်စာရင်းမိတ္တူတွေလည်း လိုအပ်ပါတယ်။ 

Source: The Kumudra

Facebook comments