09-261334475

ရန်ကုန်မြို့တွင်းက အဆင့်မြင့်အိမ်ရာ ပြီးစီးမှုအခြေအနေ

ရန်ကုန်မြို့တွင်း ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေရဲ့ ပြီးစီးမှုအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ် ။

ပြည်ဂါးဒင်း

အဆိုပါကွန်ဒိုကတော့ လက်ရှိမှာအလုံးစုံ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး လူနေထိုင်မှုပါမစ်လည်း ကျထားပြီး ဝယ်ယူသူတွေအနေနဲ့ စတင်နေထိုင်နေပြီဖြစ်ပါတယ် ။ အခန်းအားလုံးနီးပါးကို အငှားအနေနဲ့ ငှားရမ်းမှာဖြစ်ပြီး အခန်း ၅၀ ကျော်ကိုသာ ရောင်းချပေးသွားမှာဖြစ်ပါတယ် ။ အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ကာ office tower ကိုဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ် ။ မြေ ၂.၇၉ ဧကပေါ်မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပြီး တစ်စတုရန်းပေကို ကျပ် ၄၀၀,၀၀၀ နဲ့ရောင်းချလျက်ရှိတယ်လို့ သိရပါတယ် ။

လ ၁၀၀ အရစ်ကျကွန်ဒို

အဆိုပါကွန်ဒိုကိုတော့ အင်းစိန်မြို့နယ်မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာဖြစ်ပြီး လက်ရှိမှာတော့ ပိုင်ချောင်းထုတ်လုပ်မှုတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ် ။ ၂၀၁၈ ခုနှစ်အတွင်းအပြီးတည်ဆောက်သွားမှာဖြစ်ပြီး အခန်းအမျိုးအစားပေါင်း သုံးမျိုးပါဝင်မှာဖြစ်ပါတယ် ။ 
အခန်းပေါင်း ၂၃၅ ခန်းပါဝင်ပြီး မြေ ၁.၄၇ ဧကပေါ်မှာ ဆောက်လုပ်နေတာဖြစ်ပါတယ် ။
အခန်းအားလုံးကို အရစ်ကျနဲ့ရောင်းချလျက်ရှိပြီး လ ၁၀၀ အရစ်ကျပေးသွင်းပြီး ဝယ်ယူနိုင်ပါတယ် ။ 
အခန်းဈေးနှုန်းတွေကတော့ သိန်း ၈၀၀ မှ သိန်း ၁၁၀၀ အထိဖြစ်ပြီး iGreen Construction ကဆောက်လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။

Source: The Kumudra

Facebook comments