09-261334475

ရန်အေးအိမ်ရာနှင့် ပတ်ဝန်းကျင်ဈေးကွက်များ

ရန်ကင်းမြို့နယ်၊ ရန်အေးအိမ်ရာနှင့် အနီးလမ်းသွယ်များအတွင်း ဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးကွက် အခြေအနေ 
များအား ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာ အဖွဲ့မှ သွားရောက်လေ့လာစုံစမ်း ရယူခဲ့သည့် သတင်း 

အချက်အလက်များအား ရေးသားတင်ပြလိုက်ပါသည်။ ရန်အေးအိမ်ရာနှင့်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော 

ဈေးကွက်အခြေအနေများအား ဒေသခံ အကျိုးဆောင်  တစ်ဦးအားမေးမြန်းရာတွင် "ရန်အေးအိမ်ရာထဲမှာ လတ်တလောအခြေအနေကတော့ 
အငှား တစ်ချို့ပြောထားတာရှိတယ် အရောင်းက ၄လွှာမှာ  တစ်ခန်း ရှိတယ် စတုရန်းပေ ၁၀၀၀ ပေါ့ အရောင်းခေါ်ထား
တာတော့ သိန်း၂၀၀၀ ပါ အိမ်ရာဝင်းက သန့်ပါတယ် ပတ်ဝန်းကျင်လည်းကောင်းတယ် အသွားအလာလည်း  အဆင်ပြေတယ် 

အငှားကတော့ မြေညီထပ် ၁၅ သိန်း တစ်ခန်း ရှိတယ် စတုရန်းပေ ၉၀၀ လောက်ရှိပါတယ် နောက်ပြီး ၅ လွှာမှာ
တစ်ခန်း ၈ သိန်းနဲ့ အငှားခေါ်ထားတာရှိပါတယ်  အိမ်ရာထဲမှာတော့ ကျွန်တော်သိသလောက် ဒီလောက်ပါပဲ 
အရောင်းအ၀ယ်ပါးပါတယ် လေးငါးလလောက်ရှိပြီ  အေးနေတာပေါ့ အ၀ယ်အတွက် စုံစမ်းတာမျိုးတွေတော့ ရှိတယ် 
အငှားလောက်ပဲ ဖြစ်ပါတယ် အနီးနား ပတ်ဝန်းကျင် ဈေးကွက် ဆိုရင်တော့ ရန်အောင်လမ်းထဲမှာ ပေ ၄၀'x၅၀' မြေညီကို 
သိန်း ၁၇၀၀ အရောင်းရှိပါတယ် အရှေ့ဘက် ရန်ကင်းလမ်းပေါ် မှာဆိုရင် ပေ ၄၀'x၆၀' RC တစ်ထပ်ကို သိန်း ၄၅၀၀ အရောင်း
ရှိပါတယ် တိုက်ခန်းတွေတော့ ရန်အေးလမ်းထိပ် ကန်ဘဲ့လမ်း ဘက်မှာ တော်တော်များများ ဆောက်နေတာတွေရှိပါတယ် 
နှစ်ကုန်အပြီး နောက်နှစ်ဆန်းပိုင်းလောက်ဆိုရင် အိမ်ခန်း အရောင်းအငှားဈေးကွက်တွေ ပိုကောင်းလာမယ်လို့ 
မျှော်လင်ပါတယ် " ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်  တစ်ဦးဖြစ်သည့် ကိုကြည်ဝင်းက Property.com.mm သို့ 
ပြောကြားသည်။

ရန်အေးအိမ်ရာမှာ အမှတ် ၁ စက်မှုလမ်းမှတဆင့် ကမ္ဘာအေး ဘုရားလမ်းမ၊ ဦးချစ်မောင်လမ်းမများဘက်သို့ လမ်းပန်း 
ဆက်သွယ်သွားလာမှု ကောင်းမွန်ပြီး အိမ်ရာမြောက်ဘက်  ကန်ဘဲ့လမ်းမတဆင့် ရန်ကင်းလမ်းမပေါ်မှ တောင်ဥက္ကလာပ
မြို့နယ် ဘက်သို့လည်း လမ်းပန်းဆက်သွယ်သွားလာမှု လွယ်ကူ အဆင်ပြေသော အိမ်ရာ ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။


www.Property.com.mm

Facebook comments