ဇူလိုင်ပထမပတ်မှစ၍ ဒဂုံဆိပ်ကမ်းနှင့် ရွှေပြည်သာမြို့ နယ်တို့တွင် ဈေးကြီးနှစ်ခုအသစ် တည်ဆောက်မည်ဖြစ်ပြီး စည်ပင် ပိုင်ဈေး ခြောက်ဈေးခန့်ကို နှစ် ထပ်ဈေးအဖြစ် အဆင့်မြှင့်တင် မည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဈေးများ ဌာနမှ သတင်းရရှိသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွက် ဈေးများအနက် ဒဂုံဆိပ် ကမ်းအနီးနှင့် ရွှေပြည်သာမြို့နယ် တို့တွင် အဆင့်မြင့်ဈေး တည် ဆောက်မည်ဖြစ်ပြီး ကျပ် ၃ ဒသမ ၅ ဘီလီယံ အသုံးပြုကာ စည်ပင်ပိုင်ဈေး ခြောက်ဈေးခန့်ကိုအဆင့်မြှင့်တင်မည်ဟု ဈေးများဌာန၊ ဌာနမှူးဦးစံရွှေထွန်းက ပြောသည်။
အဆင့်မြင့်ဈေးသစ် တည် ဆောက်မည့်နေရာတွင်မြေနေရာတိုင်းတာ စမ်းသပ်မှုများ ပြုလုပ်နေပြီး လာမည့်နှစ်၌အပြီး တည်ဆောက်မည်ဟုဆိုသည်။ စည်ပင်ပိုင်ဈေးများအနက် နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်မည့်ဈေးများကို နှစ်ထပ်ဈေး ဆောက်လုပ်ရန် သင့်၊မသင့် စမ်းသပ်ချက်များ၊ အဆောက်အအုံပိုင်းဆိုင်ရာ လေ့လာမှုများ ပြုလုပ်နေပြီဟု ဦးစံရွှေထွန်းက ပြောကြားသည်။
‘‘အခြေခံအဆောက်အအုံ က တောင့်တင်းမှ အပေါ်က အ ထပ်မြင့်ထပ်ဆောက်လို့ရမှာပါ။ လောလောဆယ် စည်ပင်ပိုင်ဈေး ထဲက အထပ်မြင့် နှစ်ထပ်ဈေး ဆောက်လို့ရမယ့် ဈေးတွေကို ပဏာမ ရွေးချယ်ထားပါတယ်’’ ဟု ဈေးများဌာန ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။
နှစ်ထပ်ဈေးတည်ဆောက် ပြီးပါက ယခင်နှစ်ထပ်ဈေးများကဲ့ သို့ပင် ငါးပေပတ်လည်နေရာပေး ၍ ဦးရာလူစနစ်ဖြင့် လမ်းဘေး ဈေးသည်များအား ရောင်းချစေ မည်ဟုဆိုသည်။
၂၀၁၅ တွင် စည်ပင်ပိုင်ဈေး ၁၂ ဈေးကို ကျပ် ၁၀ ဘီလီယံသုံး ၍ နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့် တင်ခဲ့ရာ ၂၀၁၆ ဖေဖော်ဝါရီတွင် ရာနှုန်းပြည့် ပြီးစီးခဲ့သော်လည်း ဈေး အပေါ်ထပ်သို့ တက်ရောက်ရောင်းချမည့် ဈေးသည်မရှိသဖြင့် လမ်းဘေးဈေးသည် အများစုကို ဖိအားပေးဖမ်းဆီး၍ ဈေးပေါ်သို့ တက်ရောက်ရောင်းချစေခြင်းများပြုလုပ်ခဲ့ရသည်။
နှစ်ထပ်ဈေးများ ထပ်မံ တည်ဆောက်သော်လည်း လမ်း ဘေးဈေးသည်များကို ဈေးပေါ် သို့ တက်ရောက် ရောင်းချနိုင် အောင် မစီမံနိုင်ပါက ဈေးတည် ဆောက်မှုများသည် ဈေးသည်များနှင့် လမ်းသွားလမ်းလာများ အ တွက် အကျိုးရှိမည်မဟုတ်ကြောင်း မြို့တော်စည်ပင် သာယာရေး ကော်မတီ စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်တွင် အခွန်လွတ်ဈေးအပါအ၀င် ဈေး ၁၇၃ ဈေး ဖွင့်လှစ်ထားသည်။
Source:7daydaily