ရန်ကုန်စတော့အိတ် ချိန်းသို့ တတိယမြောက် အစုရှယ် ယာများ ရောင်းချမည့် မြန်မာ နိုင်ငံသားများဘဏ် ၀င်ရာက်လာ ပါက လက်ရှိအစုရှယ်ယာရောင်း ချနေသည့် ကုမ္ပဏီနှစ်ခု၏ ရှယ် ယာဈေးများ ထပ်မံကျဆင်းနိုင် သည်ဟု ရှယ်ယာ အရောင်းအ ၀ယ်ပြုလုပ်နေသူများက ခန့်မှန်း ပြောကြားသည်။
မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank) သည် ရန်ကုန်စတော့အိတ်ချိန်း၌ ဇူလိုင်တွင် အစုရှယ်ယာများစတင်ရောင်းချမည်ဖြစ်၍ ရှယ်ယာဈေး များ ကျဆင်းနိုင်ဖွယ်ရှိနေသည်ဟု ဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ဇွန်လ ၉ ရက်၌ သီလ၀ါ ကုမ္ပဏီက ၅၇,၀၀၀ ကျပ်နှင့်FMI ကုမ္ပဏီက ၂၅,၅၀၀ ကျပ်ဈေးရှိပြီး ယခင်ရက်များထက် ဈေးအပြောင်းအလဲ အနည်းငယ်သာရှိကာ ဈေးကွက်အတွင်း အရောင်းအ၀ယ် ပြုလုပ်သူ နည်းပါးနေကြောင်း ရှယ်ယာဝယ်ယူထားသူအချို့ကဆိုသည်။
တတိယမြောက် ရောင်းချ မည့် မြန်မာနိုင်ငံသားများဘဏ် သည် ၁၉၉၆ တွင် ရှယ်ယာများ စတင်ရောင်းချပြီး လက်ရှိတွင် ဘဏ်ခွဲပေါင်း ၁၉ ခု ဖွင့်လှစ်ထား ကာ မတည်ရင်းနှီးငွေကျပ် ၅၃ ဘီလီယံရှိကြောင်း အဆိုပါဘဏ် က ထုတ်ပြန်ထားသည်။
‘‘MCB က ရှယ်ယာစရောင်း ရင် သီလ၀ါတို့ထက် အဖွင့်ဈေး များနိုင်တယ်။ ဈေးကွက်ဝယ်လို အားတက်အောင် ဆွဲတင်နိုင်တဲ့ သဘောဖြစ်လာလိမ့်မယ်။ ဒါပေ မဲ့ ရောင်းတာကြာလာတာနဲ့အမျှ ရှေ့က ကုမ္ပဏီတွေလိုပဲ ဈေးပြန် ငြိမ်သွားလိမ့်မယ်’’ဟု စီးပွားရေး ပညာရှင် ဦးလှမောင်ကပြောကြားသည်။
စတော့အိတ်ချိန်းဈေးကွက် တွင် ကုမ္ပဏီအရေအတွက် များ ပြားလာမှသာ အရောင်းအ၀ယ် အားကောင်းလာပြီး ဈေးအတက် အကျမှာ ကုမ္ပဏီတစ်ခုနှင့် တစ်ခု နှုန်းထားများစွာ ကွာဟလာနိုင် သည်ဟု ဦးလှမောင်က သုံးသပ် ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းချရန် ကုမ္ပဏီ ခုနစ်ခု ခွင့်ပြုချက်ရရှိထားပြီး ကုမ္ပဏီ တစ်ခုချင်းစီကို လအလိုက် ရောင်းချခွင့်ပြုလျက်ရှိသည်။
စတော့အိတ်ချိန်းစာရင်းဝင်ရန် ပြည်တွင်းမှ ထိပ်သီးကုမ္ပဏီများကလည်း ကြိုးပမ်းနေသည်ဟုဆိုသည်။
ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမည့် ကုမ္ပ ဏီများသည် အများပိုင်ကုမ္ပဏီ ဖြစ်ရန်လိုပြီး ၂ နှစ်ဆက်တိုက် အ မြတ်ငွေရရှိရန် လိုအပ်ကြောင်း ယင်းကော်မရှင်၏ စံနှုန်းသတ် မှတ်ချက်၌ ပါရှိသည်။
Source:7daydaily