ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ထုတ် ချေးထားသော ငွေစုစုပေါင်း ကျပ် ၁၃၀ ဘီလီယံကျော်ရှိကြောင်း အဆိုပါဘဏ်မှ သတင်းရရှိသည်။
ယင်းဘဏ်က အိမ်ရာဝယ် ယူလိုသူများအား ချေးငွေ ကျပ် သုံးဘီလီယံ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှု ဦးစီးဌာနအတွက် ၇၂ ဘီလီ ယံ၊ ဆောက်လုပ်ရေးနှင့်ဆက်စပ် သည့် လုပ်ငန်းများအတွက် ၁၀ ဘီလီယံနှင့် အခြား ချေးငွေများအ ဖြစ် ဆောက်လုပ်ရေးလုပ်ငန်းရှင် များကိုလည်း ချေးငွေထုတ်ပေး ထားပြီး စုစုပေါင်း ၁၃၂ ဘီလီယံ ထုတ်ချေးထားကြောင်း အဆိုပါ ဘဏ်က ထုတ်ပြန်သည်။
ချေးငွေအတိုးနှုန်းမှာ ပြည် တွင်းမှ ပုဂ္ဂလိကဘဏ်များကဲ့သို့ ၁၃ ရာခိုင်နှုန်းဖြစ်သည်။
အဆိုပါ ကျပ် ၁၃၂ ဘီလီယံ ကို ဘဏ်စတင်ဖွင့်လှစ်သည့် ကာ လမှစတင်ပြီး ၂ နှစ်ကျော်အတွင်း ငွေထုတ်ချေးပေးနိုင်ပြီး နောက် ပိုင်းတွင် တစ်နိုင်တစ်ပိုင် အိမ်ရာ ၀ယ်ယူလိုသူများအား ပိုမိုထုတ် ချေးရန် စီစဉ်ထားသည်ဟု ဆို သည်။
အထူးသဖြင့် အဆိုပါဘဏ် မှ ရွှေလင်ဗန်းအိမ်ရာစီမံကိန်းတွင် ၀ယ်ယူလိုသူများကို ငွေချေးပေးခဲ့ ပြီး ပြင်ပ၌ ၀ယ်ယူလိုသူများကိုမူ ငွေပေးချေမှု နည်းပါးလျက်ရှိ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က ပြောသည်။
ယခုကဲ့သို့ဆောက်လုပ်ရေး လုပ်ငန်းများ အားနည်းနေချိန်တွင် ငွေကြေးအရင်းအနှီးနည်းပါးနေ သော ဆောက်လုပ်ရေးလောက သားများအား ယင်းဘဏ်က ကူညီ နိုင်မှုနည်းပါးနေသေးကြောင်း ဓန မြေ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဝင်းလှိုင်က ပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ၀င် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခြင်းဖြစ်သည်။
၂၀၁၃ ဇူလိုင်တွင်ဗဟိုဘဏ်မှဘဏ်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ ၏ ပထမဆုံး အိမ်ရာတည်ဆောက် နိုင်ပြီး အိမ်ဝယ်လိုသူများကိုငွေချေးခွင့်လိုင်စင်ရှိထားသည့် ဘဏ်ဖြစ်သည်။
Source: 7daydaily