လှိုင်သီရိအိမ်ရာနှင့် ပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်နေသော
အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်အခြေအနေများအား
ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှာ
သတင်းရယူစုံစမ်းခဲ့သောအချက်အလက်များအား ရေးသား
ဖော်ပြလိုက်ပါသည်။
လှိုင်သီရိ အိမ်ရာနှင့် အနီးပတ်ဝန်းကျင်ရှိ ဈေးကွက်
အခြေအနေများအား Property.com.mm သတင်းအဖွဲ့မှ
ဒေသခံ တစ်ဦးအား မေးမြန်းရာတွင်
"လှိုင်သီရိအိမ်ရာထဲမှာ အရောင်းအငှားပါးပါတယ် အငှား
နည်းနည်းဖြစ်တာရှိတယ် လတ်တလော အငှား ရှိတာ ဆိုရင်တော့
၁၂ခွဲ'x၄၅' ဒုတိယထပ် ၃ သိန်းခွဲ အငှားရှိပါတယ် အပေါ်ထပ်တွေ
ကတော့ ၃ သိန်း ၂ သိန်း စသဖြင့်ပေါ့ အငှားဈေးကတော့ မျက်နှာ
စာလမ်းသာတဲ့ဘက်ဆို ပိုကောင်းတာပေါ့ အရောင်းဆိုရင်
၁၂ခွဲ'x၄၅' ပဲ ၄ လွှား သိန်း ၄၀၀ ခေါ်ထားတာရှိပါတယ် အနီး
ဝန်းကျင်ဈေးကွက်ဆိုရင်သုခ မှတ်တိုင်နား ၁၅'x၅၅' ၅ လွှာကို
သိန်း ၅၀၀ အရောင်းခေါ်ထားတာရှိတယ် သံလမ်းထဲမှာ
၁၅'x၅၀' ၅ လွှာကို ၅၅၀ နဲ့ ၁၅'x၄၀' မြေညီ Hall Type ကို
သိန်း ၆၅၀ အရောင်းရှိပါတယ် သီရိလမ်းသွယ်တွေထဲမှာက
အရောင်းခေါ်တာတွေများတယ် သီရိ ၉ လမ်းထဲမှာ ၁၅'x၅၅'
၎ လွှာကို သိန်း ၇၅၀ ၀န်းကျင်ခေါ်ကြပါတယ်" ဟုဒေသခံ
အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမြင့်ငွေက ပြောကြားသည်။
"အရောင်းအ၀ယ်အေးပါတယ် လာမေးကြတာတော့ သိန်း
သုံးရာလေးရာဝန်းကျင်အခန်းလေးတွေ မေးကြတာရှိတယ်
ကွန်ဒိုတွေကိုလည်း နိုင်ငံခြားသားတွေ လာမေးကြတာရှိတယ်
ကွန်ဒိုအငှားဆိုရင်တော့ ကန်လမ်းဘက်တွေမှာ ပိုဖြစ်ပါတယ်
စတုရန်းပေ ၁၅၀၀ ၀န်းကျင် အငှားဈေးကတော့ ၁၅ သိန်းနဲ့ သိန်း
၂၀ ကြားရှိပါတယ် ၀ယ်ရောင်း ဈေးကွက်ကတော့ ဒီဘက်မှာလည်း
အရောင်းအ၀ယ်တော်တော်အေးနေတာကြာပါပြီတချို့လည်း
ဈေးလျော့ ရောင်းလာတာမျိုးနဲ့ ကြိုက်ဈေးတည့်ရင် ၀ယ်ဖြစ်တဲ့
သူလောက်ပဲရှိမယ် ရွေးကောက်ပွဲတွေ ပြီး သွားတဲ့ နောက်ပိုင်းတော့
အရောင်းအ၀ယ်ဈေးကွက်ပိုကောင်းလာမယ်လို့ထင်ပါတယ်" ဟု
လှိုင်မြို့နယ်၊ အင်းစိန် လမ်းမပေါ်ရှိ "ထူးမြတ်အိမ်" အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ မသဲသဲက Property.com.mm
သတင်းမီဒီယာသို့ ပြောကြားသည်။