09-261334475

မြေယာပိုင်ဆိုင်မှုပုံစံ (၇) ချပေးရေးကိစ္စ မြေစာရင်းဦးစီးဌာနနှင့် ပြည်သူတို့ ညှိနှိုင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်တွင် ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီက ရပ်ကွက်နေပြည်သူများနှင့် မြေစာရင်းဦးစီးဌာနတို့ သည် 
ပုံစံ (၇) ချပေးရေးကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းနားတွင် ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ရပ်ကွက်(၁)အတွင်း လယ်မြေများနှင့် ဥယျာဉ်ခြံမြေများအား ပုံစံ (၇) ချထားပေးဝေရေးနှင့်ပတ်သက်၍ ပြည်သူများမှ သိလိုသည်များကိုမေးမြန်းရာ မြေစာရင်း ဦးစီးမှူး ဦးမြတ်သူက ပုံစံ (၇) လျှောက်ထားပြီးသား လယ်သမား များအား ၁၅ ရက်အတွင်းရရှိရန် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ဥယျာဉ်ပိုင်ရှင်များအတွက် ရပ်/ကျေးကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ရွှေသောင်ယံမြို့ မြေစာရင်းဦးစီးဌာနမှ
မြေစာရင်းဦးစီးမှူး ဦးမြတ်သူ၊ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးမြေကော်မတီအဖွဲ့ဝင်များ၊ လယ်ပိုင်ရှင်၊ ဥယျာဉ်ပိုင်ရှင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

Source: MOI Webportal Myanmar

Facebook comments