09-261334475

အထပ်မြင့် တည်ဆောက်မှု ပြန်လည်စစ်ဆေးရန် ညွှန်ကြားချက်ကြောင့် ကြိုပွိုင့်ကွန်ဒိုဈေးကွက် ရပ်တန့်

မူအားဖြင့် ခွင့်ပြုထား သည့် အထပ်မြင့်ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းရန် ညွှန် ကြားထားသဖြင့် ရန်ကုန်မြို့တွင် ကြိုပွိုင့်ကွန်ဒိုဈေးကွက် ရပ်ဆိုင်း နေသည့် သဘော ဖြစ်ပေါ်နေ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ပြောကြားသည်။

ယခုနှစ်တွင် စတင်တည် ဆောက်ရန် မူအားဖြင့် ခွင့်ပြုချက် ရရှိထားသည့် အဆောက်အအုံ ၁၄၁ လုံးကို ပြန်လည်စစ်ဆေး မည်ဆို၍ အရောင်းအဝယ်များရပ် ဆိုင်းသွားခြင်းဖြစ်သည်။

‘‘သူတို့က ပြန်စစ်မှာဆိုတော့တော်တော်များများက ကြိုရောင်း တာလေးတွေ ရပ်ထားလိုက် တယ်။ ဒီအချိန်မှာ ရောင်းနေ လည်း ဝယ်ယူတဲ့သူက ဝယ်ရဲ မှာ မဟုတ်သေးဘူး။ သတင်းစာ တွေမှာ ကြော်ငြာတွေထည့်တာ ကအစ ရပ်ထားလိုက်တယ်’’ဟု နာမည်ရ ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

အမှန်တကယ် ဝယ်လိုအား မရှိဘဲ ဝယ်လိုအားအတုဖြင့်သာ အားကောင်းခဲ့သည့် ကွန်ဒိုတိုက် ခန်းများ၏ဈေးကွက်ရပ်ဆိုင်းလာ ခြင်းဖြစ်သည်ဟု Three Friends ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦး ကိုကိုလေးက ပြောသည်။

ကြိုပွိုင့်အရောင်းအဝယ်ပြု လုပ်သူများသည် ဈေးကွက်အေး စက်သွားသဖြင့် ငွေဆက်မသွင်း နိုင်တော့ဘဲ စရန် အဆုံးခံခြင်းများ အထိပင် ရှိနေသည်ဟု ဆိုသည်။

တစ်ဆက်တည်းမှာပင် လုပ်ငန်းရှင်ဘက်က ဆက်လက်ဆောက် လုပ်ရန် ငွေကြေးအရန်အင်အား မရှိသဖြင့် တရားစွဲဆိုမှုများဖြစ် ပေါ်သည် အထိ ဆောက်လုပ်ရေး လောကအတွင်း ဖြစ်ပေါ်နေ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်အချို့က ပြောသည်။

အရောင်းအဝယ်များ ရပ် ဆိုင်းနေခြင်း၊ လုပ်ငန်းရှင်နှင့်မြေ ရှင်များအကြား ချုပ်ဆိုထားသည့် စာချုပ်စာတမ်းများ ပျက်ပြယ်ရ မည့်အခြေအနေများနှင့်အတူ စီမံ ကိန်းများ ပြီးစီးရန် သတ်မှတ်ထား သည့်အချိန် မမီနိုင်သဖြင့် ဆောက်လုပ်ရေးလောကအခြေအနေဆိုး ရွားနေကြောင်း New Generation ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဉာဏ်သစ်လှိုင်က ပြောသည်။

ရန်ကုန်တွင် အထပ်မြင့်အ ဆောက်အအုံများခွင့်ပြုရာ၌ ၁၃ ထပ်အောက် အဆောက်အအုံများကို YCDC က တိုက်ရိုက်စစ်ဆေး ကိုင်တွယ်ခွင့်ပြုနေပြီး ၁၃ ထပ်နှင့်အထက် အဆောက်အအုံများကို အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေး ကော်မတီက စစ်ဆေးကာ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့ က တိုက်ရိုက်ခွင့်ပြုနေခြင်းဖြစ် သည်။

ှSource: 7daydaily

Facebook comments