09-261334475

ဟိုတယ် ဆောက်လုပ်ခွင့် တင်ပြနိုင်မှသာ လုပ်ငန်းလိုင်စင် ချထားပေးမည်

ဟိုတယ်လိုင်စင်သစ်တွေ လျှောက်ထားခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို ပြုပြင်ပြောင်းလဲမှု
ပြုလုပ်ထားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုပ်ပြန်ချက်အရသိရပါတယ်။

ဟိုတယ်လိုင်စင်သစ်တွေ လျှောက်ထားရာမှာ ဟိုတယ်ဆောက်လုပ်ခွင့် တင်ပြပြီးမှသာ လုပ်ငန်းလိုင်စင်ချထားပေးမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဟိုတယ်နဲ့ ခရီးသွားလာရေး ဥပဒေနဲ့ အညီ ဟိုတယ်၊တည်းခိုရိပ်သာ လုပ်ငန်း ဆောင်ရွက်သူတွေအနေနဲ့ ဆောက်လုပ်ခွင့်ကို ဦးစွာတင်ပြရမှာဖြစ်ပါတယ်။ဇွန်လ ၁ရက်နေ့က စတင်ပြီး ဆောက်လုပ်ခွင့်တင်ပြပြီး တဲ့ ဟိုတယ် တည်းခိုရိပ်သာတွေကိုသာ လိုင်စင်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

တချို့လုပ်ငန်းရှင်တွေအနေနဲ့ ဆောက်လုပ်ခွင့်တင့်ပြီး လုပ်ငန်းလိုင်စင် တင်ပေမဲ့ တချို့လုပ်ငန်းရှင်တွေကတော့ ဆောက်လုပ်ခွင့်မတင်ပဲ
ဆောက်လုပ်ပြီးမှသာလိုင်စင်လျှောက်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ အခန်း(၆) ပုဒ်မ ၈ မှာလည်းအဲသည်အချက်နဲ့ စပ်လျဉ်းပြီး တင်ပြထားပါတယ်။

ဒါကြောင့်ဟိုတယ်ဆောက်လုပ်ခွင့်ကို ဦးစွာတင်ပြရမှာပေါ့ ဒါ့အပြင်အရင်ကဟိုတယ် လုပ်ငန်းလိုင်စင်လျှောက်ထားရာမှာ walk-through (အလိုအလျောက် မိုင်းရှာစက်) တပ်ဆင်ပြီးမှသာ လိုင်စင်ထုပ်ပေးတာပါ။

အခုမှာတော့ walk-through တပ်ဆင်တာကို လုပ်ငန်းရှင်ရဲ့ ဆန္ဒအတိုင်းသာ ဆောင်ရွတ်စေတော့မှာ ဖြစ်ပါတယ်။မတပ်မနေရ စနစ်မဟုတ်တော့တဲ့ တပ်ချင်မှတပ်ဆိုတဲ့ စနစ်ကို ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။

ဆောက်လုပ်ခွင့်တင်ပြပြီး လုပ်ငန်းလိုင်စင်ပြုဖို့ လျှောက်ထားလိုတဲ့ ဟိုတယ် တည်းခိုရိပ်သာ လုပ်ငန်းရှင်တွေ အနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် ရုံးခွဲတွေမှာ သက်မှတ်စာရွက် စာတမ်းနဲ့ လျှောက်ထားရမှာဖြစ်ပါတယ်။

Source: The Kumudra

Facebook comments