ဥပဒေအရ မြေနဲ့အဆောက်အအုံငှါးရမ်းမှုနှစ်ရှည်ငှါးရမ်းခွင့်မရှိ
မြေနဲ့အဆောက်အုံငှါးရမ်းမှုတွေမှာ ဥပဒေအရ တစ်နှစ်ထက်ကျော်ပြီး နှစ်ရှည်ငှါးရမ်းခွင့်မရှိတာကြောင့် သေချာပြန်စိစစ်ရင် မြင့်တက်နေတဲ့ ငှါးရမ်းခဈေးတွေကို ထိန်းနိုင်မယ်လို့သိရပါတယ် ။နိုင်ငံခြားသား၊နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့မြေနဲ့အဆောက်အအုံတွေငှါးရမ်းတဲ့အခါ တစ်နှစ်ထက်ပိုပြီး ငှါးရမ်းခွင့်မရှိပါဘူး၊နှစ်ရှည်ငှါးချင်ရင် နိုင်ငံခြားသားတွေကအစိုးရဆီကပဲ ငှါးရမ်းနိုင်ကြောင်းကိုဥပဒေမှာရှိတယ်လို့ အကျိုးဆောင်ရှေ့နေဦးကျော်စွာကပြောပါတယ် ။ဈေးကွက်ထဲမှာ နှစ်ချုပ်တွေနဲ့ငှါးရမ်းကြတာများပါတယ် ။အစိုးရနဲ့ရှိသလို ၊ပုဂ္ဂလိကတွေနဲ့ပါ ငှါးရမ်းကြတာပါ ၊ကုမ္ပဏီနေရာအတွက် တချို့ငှါးရမ်းခတွေက သိန်း ၁၀၀ကျော်လောက်အထိရှိပါတယ် ။ငှါးရမ်းအခွန်ပေးဆောင်မှုမှာတော့တရားဝင်ဆောင်တဲ့ ရာခိုင်နှုန်းနည်းတယ်လို့သိရပါတယ် ။ဥပဒေအရ နိုင်ငံခြားသံရုံးတွေကလွဲပြီး နိုင်ငံခြားသားမြေပိုင်ဆိုင်ခွင့်မပြုထားဘူးလို့ သိရပါတယ်။ ၁၉၈၇ ခုနှစ်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းလွှဲပြောင်းမှုတွေကို ဥပဒေအရ မည်သည့်နိုင်ငံခြားသား ၊နိုင်ငံခြားကုမ္ပဏီကမှ ရောင်းချတာ ၊ဝယ်ယူတာ ၊ပေးကမ်းတာ ၊ပေးကမ်းတာကို လက်ခံတာတွေပြုလုပ်လို့မရပါဘူး ။ပစ္စည်းပေါင်နှံတာ ၊အခြားနည်းနဲ့ပေါင်နှံတာတွေကို လက်ခံလဲလှယ်တာ ၊အခြားနည်းတစ်ခုခုနဲ့ လွှဲပြောင်းတာ ၊လက်ခံတာ တွေကိုလည်း ပြုလုပ်ခွင့်မရှိဘူးလို့သိရပါတယ် ။Source: The Kumudra
Facebook comments