09-261334475

မင်္ဂလာဒုံပုလဲလမ်းဆုံပတ်ဝန်းကျင် ဈေးကွက်အခြေအနေများ

င်္ဂလာဒုံမြို့နယ်အတွင်း ပုလဲလမ်းဆုံးအနီးပတ်ဝန်းကျင် နှင့် အမှတ် ၃ လမ်းမ၀ဲယာနှင့် အိမ်ခြံမြေ ဈေးကွက် အခြေအနေ များအား ကျွန်တော်တို့ Property.com.mm သတင်းမီဒီယာအဖွဲ့မှ သတင်းရယူစုံစမ်းမှုများအား ဖော်ပြ လိုက်ပါသည်။ မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံနှင့် အနီးရပ်ကွက် အိမ်ခြံမြေဈေးကွက်များမှာ ယခင်နှစ်များကထက် ပိုမို ကောင်းမွန်လာကြောင်း သိရှိရပြီး 

အထူးသဖြင့် အမှတ် ၃ လမ်းမတစ်လျှောက် မြေကွက်များအား စိတ်ဝင်စားသူ များပြားကြောင်း စုံစမ်းသိရှိရပါသည်။

ပုလဲလမ်းဆုံနှင့် အနီးပတ်ဝန်းကျင် ဈေးကွက်အခြေအနေ များနှင့် ပတ်သက်၍ ဒေသခံအကျိုးဆောင် တစ်ဦး အား မေးမြန်း ရာတွင် “အမှတ် ၃ လမ်းမပေါ်ဆိုရင်တော့ ၀ယ်ထားတဲ့သူတွေကလည်း တစ်ချို့ဈေးကိုင်ထားကြတာတွေ တစ်ချို့လည်း နိုင်တဲ့ ဈေးထက် တော်တော်ကွာဟာနေတာရယ်ကြောင့် အရောင်းအ၀ယ် ပါးတယ် ပြောရမယ် လက်ရှိခေါ်ဈေးတွေ အနေနဲ့ဆို 
လမ်းမဘေးနေရာကောင်း ပေ ၂၀၀ x ၁၀၀ 2RC အကွက်ကို  သိန်း ၂ သောင်းခွဲ ၀န်းကျင် အခေါ်ရှိပါတယ် အမြင့်ပိုင်းတွေတော့ ခုတလောမေးလာတာ သိပ်မရှိဘူး သိန်း လေးငါးထောင်အောက် 
အကွက်တွေကို စိတ်ဝင်စားမှု ပိုများကြတာတွေ့ရတယ် ပုလဲဘက်မှာဆိုရင်တော့ လမ်းမတန်းဘက်မဟုတ်တဲ့ အတွင်းလမ်းသွယ်တွေဘက်တွေကို လာကြည့်ကြတာတွေ ရှိပါတယ် ပုလဲ ၁၊၂၊ 

၃ ရပ်ကွက်ဘက်တွေ ဈေးကွက် စိတ်ဝင်စားမှု ပိုဖြစ်တယ် ပုလဲ ၂ လမ်းသွယ်အတွင်းထဲ ၄၅’x၅၅’ RC နှစ်ထပ်ကို သိန်း ၂၅၀၀ အခေါ်ရှိတယ် လမ်းမတန်းဘက်နီးရင်တော့ ဈေးပိုတယ် ပုလဲ ၃ ဘက် ဇီဇ၀ါလမ်း၊ ခရေလမ်းဘက်တွေမှာ ပေ ၆၀ ပတ်လည် 1RC  သိန်း ၃၅၀၀ အလျော့အတင်းရှိ ခေါ်ထားတာရှိတယ် လမ်းသွယ်တွေထဲက အတွင်းကျကျ တော်တော်ကျပြီး ဒီထက်ဈေးတော်တာလေးတွေလည်း အရောင်း ခေါ်ထားတာရှိတယ် ၂၅’x၅၀’ အုတ်ခံ ၂ ထပ်ကို သိန်း ၇၀၀ ၀န်းကျင် အခေါ်ရှိပါတယ်” ဟု ဒေသခံ အကျိုးဆောင် တစ်ဦးဖြစ်သူ ဒေါ်မူမူသိန်းက ပြောကြားသည်။

ဝယ်ရောင်းမဟုတ်၊ ရင်းနှီးမြုပ်နှံဖို့ မဟုတ်ပဲ နေထိုင်မှုသက်သက်အတွက် ပိုဈေးတော်တာလေးတွေ စိတ်ဝင်စား သူတွေ လည်း ရှိတယ် သစ်ဆိမ့်ကုန်း နွယ်ခွေဘက်တွေမှာ 

သိန်း သုံးလေးရာ ၀န်းကျင်လေးတွေ တချို့မေးကြတာ ရှိပါတယ် ဒီဘက်မှာတော့ တိုက်ခန်းနဲ့ ဈေးအနိမ့်ပိုင်း အငှားဈေးကွက်အနေနဲ့ နည်းတယ် ၀န်ထမ်း အရာရှိ ဟောင်းတွေအတွက် 

ချပေးတဲ့ နေရာကောင်း မြေကွက်တွေကများတယ်လေ ပုလဲဈေး ပုလဲလမ်းဆုံ ပတ်ဝန်းကျင် ကတော့ ပေါင်းငူ၊ ရေကြည်အိုင်၊ ရွှေနှင်းဆီရွာတွေ ဘက်က ဈေးရောင်း ဈေးဝယ်တွေ အများစု 

သွားလာလုပ်ကိုင်ကြတော့ ပုလဲလမ်းဆုံ ပုလဲဈေးတ၀ိုက်ကတော့ သွားရေးလာရေးပိုကောင်းပြီး ပိုစည်ပါတယ်” ဟု ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သည် ဒေါ်မူမူသိန်းက 
Property.com.mm သတင်းမီဒီယာအဖွဲ့သို့ ပြောကြားသည်။


www.Property.com.mm

Facebook comments