သိမ်းဆည်း လယ်မြေများအတွက် နစ်နာကြေးပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကြံခင်း-ပခုက္ကူ မီးရထားလမ်းပိုင်း အသုံးပြု သိမ်ဆည်းမြေများအတွက် နစ်နာကြေးပေးအပ်ပွဲကို ဇွန် ၃ ရက် နံနက် ၁၀ နာရီက ဧရာဦး ခန်းမတွင် ကျင်းပသည်။လျော်ကြေးပေးအပ်မှုနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ၂၀၁၆-၂၀၁၇ တွင် စတင်ဖောက်လုပ်ခဲ့သော ကြံခင်း-ပခုက္ကူလမ်းပိုင်း တွင် ကြံခင်းမြို့နယ်မှ ရပ်ကွက်ကျေးရွာ ကိုးအုပ်စုရှိ လယ်မြေ ယာမြေ၊ ဥယျာဉ်ခြံမြေများအတွက် မိုးရာသီစိုက်ပျိုးရေးအမီ နစ်နာကြေးပေးအပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။အဆိုပါ ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးလှကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် လွှတ်တော် ကိုယ်စားလှယ် များ၊ ခရိုင်နှင့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လျော်ကြေးရတောင်သူ များ တက်ရောက်ကြပြီး ကြံခင်း လမ်းပိုင်းအသုံးပြုမှုမြေဧက၂၇၃ ဒသမ ၃၀ အတွက် နစ်နာကြေးငွေများ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။Source: MOI Webportal Myanmar
Facebook comments