09-261334475

အထပ်မြင့် မတည်ဆောက်သင့်သည့် နေရာများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စောင့်ကြည့်မည်

ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံမဆောက်လုပ် သင့်သည့်နေရာများတွင် ဆောက် လုပ်ခြင်းရှိ၊ မရှိ တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာရေးဝန်ကြီးက အထပ် မြင့် ဆောက်လုပ်ခြင်းနှင့်ပတ် သက်၍ ဥပဒေနှင့် နည်းဥပဒေများ ရှိပြီးဖြစ်ကြောင်း၊ မူအားဖြင့် ခွင့်ပြုထားသော အထပ်မြင့်အ ဆောက်အအုံများကို ပြန်လည်စိ စစ်နေကြောင်း လွှတ်တော်သို့ ဖြေကြားရာ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် (၁) လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများဖြင့် ဆောင်ရွက်ခြင်း ရှိ၊မရှိ လွှတ်တော်က စောင့်ကြည့် မည်ဟု တင်ပြခဲ့သည်။

‘‘မူအားဖြင့် ခွင့်ပြုချက်ပေး ပါတယ်ဆိုပြီး ဆောက်လုပ်ခွင့် ပေးထားတဲ့ အထပ်မြင့်တွေ ရန် ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပါတယ်။

CQHP ရဲ့ ပြောပြ ချက်အရ ယခုဆိုရင် အထပ်မြင့် အဆောက်အအုံအလုံး တစ်ရာ ကျော်ကို သေသေချာချာပြန်လည် စိစစ်ဖို့ရှိနေသေးတယ်လို့ပြောပါ တယ်’’ဟု ဒေါ်စန္ဒာမင်းက ပြော သည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် မြို့နယ် အလိုက် မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် အထပ်မြင့် အဆောက်အအုံကန့်သတ်ခြင်း ဆိုင်ရာ မူဝါဒအသစ်များပြန်လည် သတ်မှတ်ခြင်းအတွက် တိကျ သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်းနှင့် အမိန့်များထုတ် ပြန်ပေးရန် တိုက်တွန်းကြောင်း မေလ ၃၀ ရက်က လွှတ်တော် သို့ အဆိုတင်သွင်းခဲ့ရာ စည် ပင်သာယာရေးဝန်ကြီးက စည်ပင်ဥပဒေနှင့် နည်းဥပဒေများ သတ် မှတ်ထားရှိပြီးဖြစ်ကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

ထို့အတွက် ဒေါ်စန္ဒာမင်းက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးက ရေးဆွဲထားသည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်ပေး၊ မပေး လွှတ်တော်က စောင့်ကြည့်မည်ဖြစ်၍ မှတ်တမ်းတင်ထားရန် တင်ပြခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။

Credit: 7Daydaily

Facebook comments