09-261334475

တန်ဖိုးနည်းအိမ်ရာ အခန်း ၈၀၀၀ ကျော်နှစ်နှစ်အတွင်း အပြီးတည်ဆောက်မည်

အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ အကောင်အထည်ဖော်မယ့် တန်ဖိုးနည်းအိမ်ရာ အခန်း ၈၀၀၀ ကျော်ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။

‘အစိုးရက ညွန်ကြားထားတဲ့ အိမ်ရာစီမံကိန်းတွေက ရက် ၁၀၀ စီမံချက်မှာပါဝင်တော့ အခုအချိန်မှာ မြေပြင် ရှင်းလင်းရေးလုပ်ငန်းနဲ့ မြေတိုင်းတာတွေ ၊ အာခီဒီဇိုင်းဆွဲတာတွေ ၊ ကျူးကျော်ပြဿနာတွေကို အရင်ရှင်းလင်းနေတယ်’လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ် ။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို ကျပ်သိန်း ၁၀၀ ထက်မကျော်လွန်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချမှာဖြစ်တယ် ။ မြေဧက ၂၀၀ ကျော်မှာ ဆောက်လုပ်မှာပါ ။ 
စီမံကိန်းတည်နေရာတွေကတော့ မင်္ဂလာဒုံ ၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ လိုင်သာယာ ကျန်စစ်မင်းအိမ်ရာ ၊ သန်လျင် ကျောက်တန်းစက်မှုလုပ်သားအိမ်ရာ ၊ သန်လျင်အောင်ချမ်းသာ အပိုင်း(၃) ၊ ယုဇနအပိုင်း (၂)(၃)(၄) စတဲ့နေရာတွေဖြစ်ပါတယ်။

အခန်းပုံစံတွေကတော့ ဟောတိုက် Hall Type ပုံစံတွေဖြစ်တယ် ။ အခန်းကျဉ်း ၁၈ပေ x ၁၈ ပေ ၊ ၁၀ ပေ x ပေ ၂၀ ၊ ပေ ၂၀ x ပေ ၂၀ ပုံစံသုံးမျိုးနဲ့ ဆောက်လုပ်မှာဖြစ်ပါတယ်။

Source: The Modern

Facebook comments