ပိုင်ရိုက်လုပ်ငန်း အသိအမှတ်ပြုလိုင်စင် ကုမ္ပဏီ ၁၈ ခု ထပ်မံခွင့်ပြု
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပိုင်ရိုက်ခြင်းလုပ်ငန်းအသိအမှတ်ပြု လိုင်စင်ကို ကုမ္ပဏီ ၁၈ ခုကို ထပ်မံခွင့်ပြုပေးလိုက်ပြီလို့ အင်ဂျင်နီယာ (အဆောက်အအုံဌာန) ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ပိုင်ရိုက်ခြင်းလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိတဲ့ ကုမ္ပဏီတွေက အရင်က ၂၅ ခုရှိတယ် ။ လက်ရှိမှာတော့ နောက်ထပ် ကုမ္ပဏီ၁၈ခုကို ခွင့်ပြုပေးလိုက်တာကြောင့် ၄၃ ခုရှိသွားပြီဖြစ်သည်။စည်ပင်သာယာရေးကော်မတီက အဆောက်အအုံဆောက်လုပ်ခွင့်တင်ပြချက်တွေကို ဌာနကအသိအမှတ်ပြု လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေကိုသာ လက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့် နောက်ထပ်ပိုင်ရိုက်ခြင်း လုပ်ငန်းအသိအမှတ်ပြုလိုင်စင် လာရောက်အလျှောက်ထားချင်တဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုချက်ကို အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ပူးတွဲတင်ပြလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။Source: The Modern
Facebook comments