အငှားအိမ်ရာ ဒုတိယအသုတ် အခုလ ၃၀ ရက်နေ့ မဲနှိုက်မည်
ဧရာဝတီမြစ်ကို အမှီပြုပြီး ကာယလုပ်အားမနဲ့ လုပ်ကိုင်စားသောက်ကြတဲ့သူတွေအတွက် အငှားအိမ်ရာတွေကို ငှားရန်းနေထိုင်ခွင့်အတွက် အခုလ ၃၀ ရက်နေ့မှာ မဲနှိုက်ရွှေးချယ်မယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။‘အရင်နေရာမှာပဲ မဲနှိုက်မှာပါ ။ ဒီနေ့အထိဆို လာလျှောက်ထားသူပေါင်း ၄၃၀ ကျော်ရှိတယ်’လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အငှားအိမ်ရာမှာ ကံ့ကော်အိမ်ရာ ၊ စံပယ်အိမ်ရာနဲ့ နှင်းဆီအိမ်ရာဆိုပြီး သုံးဆောင်ရှိတယ် ။ စုစုပေါင်း တိုက်ခန်းပေါင်း ၁၉၈၄ ခန်းရှိတယ် ။ အခန်းပေါင်း ၁၁၆၁ ခန်းကို အခုနှစ် ဧပြီလက စတင်နေထိုင်ခွင့်ပြုခဲ့တယ်။ လက်ကျန်အခန်း ၄၂၃ ခန်းနေထိုင်ခွင့်ကိုတော့ အခုလ ၃၀ ရက်နေ့ မဲနှိုက်ပြိး ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။အငှားအိမ်ရာ ငှားရမ်းခအတွက် တစ်လကို ကျပ် ၃၀,၀၀၀ သတ်မှတ်ထားပါတယ်။ အိမ်လခပေးသွင်းရက်ကို လဆန်း ၁ ရက်နေ့ကို သတ်မှတ်ထားတယ် ။ သတ်မှတ်နေရာကို လာရောက်ပေးဆောင်ရမယ် ။ ပေးသွင်းရမယ့်ရက်ပျက်ကွက်ရင် ဒဏ်ကြေးတစ်ရက် ကျပ် ၂၀၀၀ ပေးဆောင်ရမှာပါ ။ ပျက်ကွက်ရက်ပေါင်း သုံးလထက်ကျော်လွန်ပြီး ဒဏ်ကြေးအပြည့်အဝမပေးဆောင်တော့ဘူးဆိုရင် ပြန်လည်သိမ်းယူမယ်လို့ သိရပါတယ်။မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ မြို့ပတ်ကမ်းနားလမ်းရှိ စည်ပင်သာယာပိုင်မြေကွက်မှာ အကောင်အထည်ဖော်နေတဲ့ အငှားအိမ်ရာကို ကျပ်သန်းပေါင်း ၁၁၃၃၄.၃၁၁ အကုန်အကျခံတည်ဆောက်ခဲ့တာပါ ။ ၂၀၁၅ ခုနှစ်မတ်လက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။Source: The Modern
Facebook comments