စမ်းချောင်းမြို့နယ် အိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအငှား
ခေါ်ဆိုမှုများပြားခြင်းနှင့် ကြိုပွိုင့်စနစ် တိုက်ခန်း အရောင်းများ
ဈေးကွက် ဖြစ်ထွန်းကြောင်း ကျွန်တော်တို့ Property.com.mm
သတင်းမီဒီယာအဖွဲ့မှ ယခုတစ်ပတ် အတွင်း လေ့လာ စုံစမ်းမှုများ
အရ သိရှိရပါသည်။
ဈေးကွက်ဖြစ်ထွန်းမှုအခြေအနေများအား ဒေသခံ
အကျိုးဆောင်တစ်ဦးအား မေးမြန်းရာတွင်
“အရောင်းအ၀ယ်မှာ အရောင်းရော၊ အငှားရော ခေါ်ထားကြတဲ့
အိမ်ခန်းပိုင်ရှင်တွေများပါတယ် စမ်းချောင်းဘက်ကအရင်ထဲက
တိုက်ခန်းတွေပေါတယ်လေ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက
ဒီဘက်မှာ အငှားဈေးကွက်က သွက်တယ်
ခုနောက်ပိုင်းလည်း အငှားဖြစ်ပါတယ် အရောင်းကတော့ အငှား
ထက်စာရင် နည်းတာပေါ့ အရောင်း ခေါ်ထားတာတွေ ဆိုရင်
ကျွန်းတောလမ်းဘက်တွေရှိတယ် မအူပင်လမ်း၊ ဖျာပုံလမ်း၊
ညောင်တုန်းလမ်းဘက်တွေ ရှိပါတယ် စမ်းချောင်းလမ်းဘက်
ကလည်း ပိုစည်တော့ အငှားဈေးကွက်ကောင်းတယ် မြေညီနဲ့
၂ လွှာ၊ ၃ လွှာတွေ ဆိုင်ဖွင့်တာတို့ သင်တန်းဖွင့်တာတို့ မေးတဲ့
သူတွေရှိတယ် ကျွန်းတောဘက်ဆိုရင် ၁၅’x၆၀’ ၅ လွှာကို သိန်း
၇၀၀ ၀န်းကျင်၊ ၇ လွှာကို သိန်း ၅၈၀ ၀န်းကျင်အခေါ်ရှိပါတယ်
ရှမ်းကုန်းလမ်းဘက်မှာဆိုရင် ၁၅’x၆၀’ ကိုပဲ ဒုတိယထပ်ကို
သိန်း ၁၃၀၀ နဲ့ ခေါ်ထားတာရှိတယ် မအူပင်လမ်းထဲဆိုရင်
၁၂’x၆၀’ မြေညီကို သိန်း ၁၆၀၀ ခေါ်ဆိုပါတယ် မြေညီတွေ
ကတော့ နေရာကောင်း၊ လမ်းသာလမ်းကောင်းရင် ဈေးက
နှစ်ရာသုံးရာ ကွာတာပေါ့ ညောင်တုန်းလမ်းထဲမှာပဲ ၁၂’x၆၀’
ကို ၁၁၀၀ နဲ့ခေါ်ထားတာလည်း ရှိတယ် အခန်းအနေအထား
တိုက်သစ်စသဖြင့် ဈေးအလျော့အတင်း ကွာတာပေါ့
လုံးချင်းကတော့ တိုက်ခန်းထက်စာရင် ဈေးကွက်သိပ်မဖြစ်ပါဘူး
ကွန်ဒိုခန်းတွေဆို ဓနလှိုင်တာဝါနဲ့ စမ်းချောင်း ကွန်ဒိုတွေက
အငှားဈေးဆိုရင် သိပ်မကွာဘူး sqft ၁၂၀၀’ အတူတူပါပဲ
၇ သိန်းကနေ ၁၀ သိန်း ပတ်ချာလည် အငှားခေါ်ကြပါတယ်”
ဟု ဒေသခံ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုတင်စိုးက
Property.com.mm သတင်းမီဒီယာ အဖွဲ့သို့ ပြောကြားသည်။
ဂမုန်းပွင့်အနီး မြေညီဆိုင်ခန်းများမှာလည်း အရောင်းအငှား
ဈေးကွက်၌ စိတ်ဝင်စား မေးမြန်းသူများရှိပြီး ၁၁’x၃၀’ မြေညီ
ထပ်အား သိန်း ၆၅၀ ခန့် အရောင်းခေါ်ဆိုမှု ရှိကြောင်းကိုလည်း
ကိုတင်စိုးမှ ဆက်လက်ပြောကြားသည်။
စမ်းချောင်းမြို့နယ်မှာ ရန်ကုန်တိုင်းမြို့နယ်များတွင် လူနေ
သိပ်သည်းမှုများပြားသော မြို့နယ်တစ်ခုဖြစ်ပြီး လမ်းပန်း
ဆက်သွယ်မှု ကောင်းမွန်ုခြင်း၊စားသောက်ဆိုင် လုပ်ငန်းများနှင့်
စတိုးဆိုင်များ၊ အ၀တ်အထည်ဆိုင်များနှင့် Super Market များ
ပေါများခြင်းနှင့် မြို့တွင်း မြို့နယ် များကဲ့သို့ပင် လူနေထူထပ်
စည်ကား၍ အိမ်ခြံမြေဈေးကွက် အနေ အားဖြင့်လည်း
စိတ်ဝင်စားသူ များပြား ကြောင်း Property.com.mm
သတင်းမီဒီယာအဖွဲ့မှာ စုံစမ်း ရေးသား ဖော်ပြ အပ်ပါသည်။