09-261334475

ယခင်အစိုးရခွင့်ပြုခဲ့သော စီမံကိန်းများကို အကောင်း၊အဆိုးမှတ်ချက် မပေးနိုင်သေးဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

စီမံကိန်းလုပ်ကိုင်ခွင့်ရ ရှိသည့် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံပြီးဖြစ်သော်လည်း ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် စီမံ ကိန်းများနှင့် ပတ်သက်၍ အ ကောင်း၊အဆိုးမှတ်ချက်မပေးနိုင် သေးဘဲ နိုင်ငံတကာအဖွဲ့အစည်း များနှင့် အများပြည်သူ၏ အသံကိုနားထောင်ဦးမည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

‘‘မန္တလေးမြို့ စိမ်းလန်းစိုပြည်ရေး၊ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်ဆိုပြီး သူတို့ပြောတဲ့ အကြောင်းအရာတွေကို နား ထောင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့က ဘာမှတ်ချက်၊ ဘာကောက်ချက်မှ မပေးသေးပါဘူး။ ဒါတွေအားလုံးကို ဆက်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒါ တွေအားလုံးဟာ အရင်အစိုးရနဲ့ သဘောတူထားတဲ့ လုပ်ငန်းများ ဖြစ်တယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ခွင့်ပြုထားတာမ ဟုတ်ပါဘူး’’ဟု ဒေါက်တာ ဇော် မြင့်မောင်က ပြောသည်။

စီမံကိန်းလုပ်ကိုင်ခွင့်ရ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ သော်လည်း မည်သည့်နည်းဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ လုပ်ကိုင်ခွင့်ရသော မြေနေရာအကျယ်အဝန်း စသည့် စီမံကိန်းနှင့် သက်ဆိုင် သည့် အကြောင်းအရာတို့ကို နား ထောင်ခြင်းသာဖြစ်ကြောင်း မေ ၂၅ ရက်တွင် မန္တလေးမြို့တော်ခန်းမ၌ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပပြီး နောက် အစိုးရအလွှဲအပြောင်း ကာလ လေးလကျော်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ကျွဲ ဆည်ကန်ကားကြီးဝင်းအဆင့် မြှင့်တင်ရေးစီမံကိန်းအပါအဝင် လုပ်ငန်းအများအပြားကို ဦးသိန်း စိန်အစိုးရက လုပ်ကိုင်ခွင့်များချ ထားပေးခဲ့သည်။

ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများတွင်မူ အပေါ်မှ အောက်ခြေသို့ အမိန့်ပေးလုပ်စေ သည့် (Up to Down) စနစ်မဟုတ် တော့ဘဲ ဒေသခံပြည်သူလူထု၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်း ပေးမည့် (Buttom-Up) စနစ်ဖြင့် လုပ်ကိုင်တော့မည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သစ်သည် အစိုးရအ လွှဲအပြောင်းကာလခွင့်ပြုခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ စီမံ ကိန်းများ အကျိုးအမြတ်ခွဲဝေရရှိမှု၊ အများပြည်သူအတွက် အကျိုး ရှိမှုစသည့်တို့ကို ဗြိတိန်နိုင်ငံအ ခြေစိုက် IGC (Internation Growth Center) ၏ အကူအညီ ဖြင့် စီမံကိန်းခွင့်ပြုစာချုပ်များ ပြန်လည်စိစစ်နိုင်ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

Source: 7Daydaily

Facebook comments