အလွဲသုံးစားမခံရအောင် သတင်းစာကြော်ငြာ ဖတ်ပါ
အမည်ပေါက်ပြောင်းလဲပေးတာ၊ဂရန်ပျောက်ဆုံလျှောက်ထားတာတွေကို သတင်စာထဲကနေအသိပေးကြော်ငြာမှု တွေပြုလုပ်ပေးနေတာကြောင့်အမည်ပေါက်ပိုင်ရှင်တွေစိစစ်လို့ရပြီဖြစ်တယ်လို့ သိရပါတယ်။ဈေးကွက်ထဲမှာ ကြုံတွေ့နေကြတဲ့ ဂရန်၊ ပါမစ်အတုတွေတင်မက မြေတစ်ကွက်တည်းကို ဂရန်ပါမစ်နှစ်ခုသုံးခုဖြစ်နေတာတွေ၊ အမည်ပေါက်က ရောင်းချထားပြီး ဖြစ်ပေမဲ့ ပါမစ်ပျောက်ဆုံးလျှောက်ထာြး့ပီး စာရွက်စာတမ်းအသစ်ထုတ်ကာ ထပ်မံ ရောင်းချတာမျိုးတွေဖြစ်ပါးနေပြီး အများဆုံးက မြို့သစ်မြို့နယ်တွေနဲ့ မြို့စွန်းမြို့နယ်တွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။အကျိုးဆောင်ရှေ့နေ ဦးကျော်နိုင်က' ပိုင်ဆိုင်မှုစာရွက်စာတမ်းပြသာနာတွေက အမျိုးမျိုးကိုဖြစ်နေတာ၊ အခုတော့ ဌာနဆိုင်ရာကနေ သတင်းစာကနေ အသိပေးကြော်ငြာပေးတော့ ပိုင်ရှင်အနေနဲ့ စိစစ်လို့ ရလာတာပေါ့ ' လို့ ပြောပါတယ်။မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနက အမည်ပေါက်ပြောင်းတာ၊ ပျောက်ဆုံးလျှောက်တာတွေကို မူရင်းပိုင်ရှင်ရှိရင်လည်းဘယ်သူ့အမည်ပေါက်မြေကွက်ကို ဘယ်သူကလာရောက်လျှောက်ထားတယ်။ကန့်ကွက်သူရှိ ၊ မရှိ အသိပေးပြီး မရှိရင် မူရင်းအမည်ပေါက်ကို ပယ်ဖျက်ပြီး ထုတ်ပေးကြောင်းနိုင်ငံပိုင်သတင်းစာတွေကနေအသိပေးကြေညာပေးလာတာပါ။အမည်ပေါက်ပိုင်ရှင်တွေလည်း အမှန်တကယ်မဟုတ်ရင် ကန့်ကွက်လို့ရပြီး ဖြေရှင်းလို့ရကြောင်း သတိပြုပီး ဖတ်ကြည့်သင့်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။တချို့မြေကွက်တွေမှာ ဝယ်ထားတဲ့ပိုင်ရှင်ကမသိဘဲ ထပ်ဆင့်ရောင်းချခံရပြီး အမည်ပေါက်နှစ်ဦးလောက်ပြောင်းလဲပြီးမှ သိရတဲ့အဖြစ်တွေလည်းရှိခဲ့တယ်။တချို့တွေက သက်ဆိုင်ရာဌာနတွေမှာ ပျောက်ဆုံးတွေလျှောက်ပြီး ပါမစ်မိတ္တူမှန် ၊ ပါမစ်ပျောက်ဆုံး ၊ ဂရန်ပျောက်ဆုံး ၊ ဂရန်မိတ္တူ စတဲ့အကြောင်းပြချက်တွေပေးပြီး ထုတ်ယူကြတာပါ။ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ' တချို့မြေကွက်တွေဆို သက်ဆိုင်ရာဌာနကပဲဖြစ်နေတာတွေရှိတယ်၊ ဝယ်ထားတဲ့သူတွေပဲဖြစ်ဖြစ် ၊ အမည်ပေါက်တွေပဲဖြစ်ဖြစ် ၊ သတင်စာတွေမှာ ကြည့်သင့်တယ် ၊ လိမ်လည်လျှောက်ထားတာတွေ့ရင် ဌာနတွေက တရားစွဲဆိုမှပဲ ရမယ်၊ နစ်နာသူတွေအများကြီးရှိနေတယ် ' လို့ပြောပါတယ်။Credit: The Modern
Facebook comments