သီလဝါရှယ်ယာ ကျပ် ၁၀,၀၀၀ တက်အက်ဖ်အမ်အိုင်ဈေး အနည်းငယ်ကျ
ရန်ကုန်စတော့ခ်ဈေးကွက်အတွင်းမှာ သီလဝါ အများပိုင် ကုမ္ပဏီရှယ်ယာဈေး ဆက်လက်မြင့်တက်ပြီး အက်ဖ်အမ်အိုင်ရှယ်ယာဈေးက အနည်းငယ်ကျဆင်းပါတယ်။မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးယာ ဈေးကွက်အဖွင့်မှာပင် ကျပ် ၁၀,၀၀၀ မြင့်တက်ခဲ့ပါတယ်။ MTSH ဟာ ရန်ကုန်စတော့ခ်ဈေးကွက်ထဲကို မေ ၂၀ က ရှယ်ယာတစ်စု ကျပ် ၄၀,၀၀၀ နဲ့စတင်ဝင်ရောက်ခဲ့ပြီး ယခုမှာတော့ ကျပ် ၆၀,၀၀၀ နဲ့ဈေးပိတ်ထားပါတယ် ။ ရှယ်ယာအရေအတွက် ၃၀၀၀ ကျော် ၊ ကျပ် ၁၉၂၂ သန်းဖိုးအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။အက်ဖ်အမ်အိုင် အများပိုင် ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးဟာ မေ ၂၀ မှာ ကျပ် ၃၁,၀၀၀နဲ့ဈေးပိတ်ခဲ့ပြီး သည်နေ့ဈေးကွက်အဖွင့်မှာတော့ ကျပ် ၁၀၀၀ ဈေးကျဆင်းသွားပါတယ်။ရှယ်ယာအစု ၂၃၀၀ ကျော်နဲ့ ကျပ် ၇၁၀ သန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးကွက်အတွင်းမှာတော့ ရှယ်ယာအစုပေါင်း ၅၅၀၀ ကျော်နဲ့ ကျပ်သိန်း ၂၆၃၃ သန်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ် ။Source: The Kumudra
Facebook comments