သီလ၀ါရှယ်ယာ စတင်ရောင်းတဲ့ နေ့မှာ သန်း ၅၀၀ ကျော်ဖိုး ရောင်းချရ
မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီရဲ့ စတော့ခ်ရှယ်ယာဈေးဟာ စတင်ရောင်းချတဲ့ရက်မှာတင်ကျပ် ၁၀၀၀၀ကျော် ဈေးမြင့်တက်ပါတယ်။သီလ၀ါက လူစိတ်ဝင်စားမှုများနေတဲ့ ကုမ္ပဏီဖြစ်တယ်၊သူ့ကုမ္ပဏီက အဖွင့်ပုံစုံဖြစ်တော့ လူပိုကြိုက်တယ်၊ဒါကြောင့်ဈေးကွက်စဖွင့်တာနဲ့ ဒီလောက်တန်းတက်သွားတာ လို့ စတော့ခ်ဈေးကွက်လေ့လာသူကိုရဲက ပြောပါတယ်။မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးကို တစ်စုကြမ်းခင်းဈေး ကျပ် ၄၀၀၀၀သတ်မှတ်ပြီး မေ၂၀ မှာ စတင်ရောင်းချတာပါ။အဲသည့်နေ့မှာပဲ ကျပ် ၅၀၀၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး အစုရှယ်ယာပေါင်း ၁၀၀၀၀ ကျော်ကို အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။အဲသည့်နေ့မှာ အက်ဖ်အမ်အိုင် ရှယ်ယာဈေးတွေလည်း ကျပ် ၂၆၅၀၀ ကနေ ကျပ် ၃၁၀၀၀ အထိဈေးမြင့်တက်ပါတယ်။ရှယ်ယာအစုပေါင်း၂၀၀၀၀ ၀န်းကျင်နဲ့ကျပ်သန်း ၆၀၀ ကျော်အရောင်းအ၀ယ်ဖြစ်ပါတယ်။အက်ဖ်အမ်အိုင် ရှယ်ယာဈေးအနေနဲ့ တစ်လအတွင်းအမြန်ဆုံးဈေး ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။စတော့ခ်အိတ်ချိန်းနဲ့ ပတ်သက်ပြီး စတော့ခ်ဈေးကွက် ယုံကြည်မှု တည်ဆောက်ရာမှာ ဈေးကွက်ခိုင်မာမှု၊ယုံကြည်စိတ်ချမှု အညွှန်းကိန်းတွေနဲ့ တိုင်းတာပြီးအာအခံရေးအတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင်တချို့က တိုက်တွန်းပါတယ်။Security ကုမ္ပဏီတွေမှာလည်း အကြံဥာဏ်တောင်းယူသင့်တယ်လို့ ဆိုပါတယ်။မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဟာ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ ရှယ်ယာရောင်းချခွင့်ရတဲ့ ဒုတိယမြောက် ကုမ္ပဏီ ဖြစ်ပါတယ်။သီလ၀ါအများပိုင်ကုမ္ပ အနေနဲ့ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီး ကျန် ၄၅ ရာခိုင်နှုန်းကို အများပိုင်ကုမ္ပဏီမှာ ပါဝင်တဲ့ ကုမ္ပဏီ ကိုးခုအချိုးကျ ပိုင်ဆိုင်ထာူးတယ်လို့ သိရပါတယ်
Source : The Kumudra
Facebook comments