အထပ်မြင့်ဆောက်လုပ်ခွင့် ခေတ္တာရပ်ဆိုင်းထားတာကြောင့် ဈေးကွက်အတွင်း အဆင့်မြင့်တိုက်ခန်းရောင်းဝယ်မှုတွေလည်းရပ်နားထားတာတွေ ရှိနေတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ဆီက သိရပါတယ်။' တချို့ အဆင့်မြင့် တိုက်ခန်းတွေက တည်ဆောက်တာတွေ မစခင်ကတည်းက အရောင်းဖွင့်ထားတာတွေရှိတယ် ၊ အခုရပ်ဆိုင်းခိုင်းတာက မြို့အဂါင်္ရပ်ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီဖို့ အသေးစိတ်စိစစ်မှာဆိုတော့ ဆောက်လုပ်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး ဒီဇိုင်းပိုင်းတွေပုံစံတွေပြောင်းဆောက်ရမှာကို စိုးရိမ်နေကြတယ် ' လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာ ကိုမင်းမင်း ကပြောပါတယ်။အရစ်ကျဝယ်ထားတာပါလက်ရှိဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အဆောက်အအုံအများစုက အဆင့်မြင့်ကွန်ဒိုစီမံကိန်းတွေများတာကြောင့် အခန်းဝယ်ယူထားတဲ့ သူတွေရှိနေပါတယ်။အရစ်ကျပုံစံနဲ့ဝယ်ယူတာတွေများတာကြောင့်ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ရပ်ဆိုင်းနေရတာကို လာရောက်မေးမြန်းတာတွေရှိနေတယ်လို့ သိရပါတယ်။
ယူကေဆောက်လုပ်ရေးက တာဝန်ခံ ကိုဖြိုးက ' ဝယ်ထားတဲ့တိုက်ခန်းတွေက အရစ်ကျဆိုပေမဲ့ကွန်ဒိုတွေဆိုတော့ ပြသာနာတစ်ခုခုဖြစ်ရင် ဆုံးရှုံးမှုကြီးနိုင်လို့ လာမေးတာတွေရှိတယ် ' လို့ပြောပါတယ်။
လက်ရှိအခြေအနေအထပ်မြင့်အဆောက်အအုံအတွက် စစ်ဆေးမှုတွေကိုတော့ ယခုလ ၁၉ ရက်နေ့က စတင်ကာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကတော့ ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းအားလုံးရပ်ဆိုင်ထားပြီး စစ်ဆေးမှုပြီးမှသာ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ( အဆောက်အအုံ ) က တာဝန်ရှိသူတစ်ဦးကလည်း ' လုပ်ငန်းရှင်တွေထိခိုက်နစ်နာအောင် မလုပ်ဘူး၊ စစ်ဆေးမှုတွေကိုအတက်နိုင်ဆုံးအမြန်ဆုံးပြီးအောင်လုပ်သွားမယ် ' လို့ပြောပါတယ်။
Source: The Modern