09-261334475

ပိုင်ရိုက် ကုမ္ပဏီ ၄၃ ခု လိုင်စင်ရရှိ

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ပိုင်ရိုက် ခြင်းလုပ်ငန်း အသိအမှတ်ပြုလိုင် စင်ရရှိသော ကုမ္ပဏီ ၄၃ ခုရှိပြီ ဖြစ်ကြောင်း မေလ ၂၁ ရက်တွင် အင်ဂျင်နီယာနှင့် အဆောက် အအုံဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် ပိုင်ရိုက်ကုမ္ပဏီ ၅၀ ရှိသောကြောင့် ထပ်မံလိုင်စင် ထုတ်ပေးရန် အနည်းငယ်သာ ကျန်ရှိတော့သည်။

၂၀၁၆ ဇန်နဝါရီ ၁ ရက်မှ စ၍ ဆောက်လုပ်ရေးလုပ်ငန်းများ သည် ပိုင်ရိုက်ခြင်းလိုင်စင်ရရှိထား သည့် ကုမ္ပဏီများနှင့်သာ ပိုင်ရိုက် ရတော့မည်ဖြစ်၍ ကုမ္ပဏီများ၏အရေအတွက်ကို လအလိုက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခွင့်ပြုနေခြင်း ဖြစ်သည်။ ‘‘ကုမ္ပဏီတွေ၊ စက်ပစ္စည်း၊ ဝန်ထမ်း အင်အား မပြည့်စုံတဲ့ ကုမ္ပဏီတွေကို အထပ်မြင့်ကော် မတီက ပယ်ချတာတွေလည်းရှိ တယ်။ သေချာစိစစ်ပြီးမှ လိုင်စင် တွေ ထုတ်ပေးနေတာပါ’’ ဟု အင် ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အထပ်မြင့်အဆောက်အအုံ စီမံကိန်းများ ကြီးကြပ်စစ်ဆေး သည့် ကော်မတီအဖွဲ့၏ ထောက် ခံချက်ဖြင့် ပိုင်ရိုက်သည့် လိုင်စင် များကို ၂၀၁၅ ဒီဇင်ဘာက စတင် ထုတ်ပေးပြီး ခြောက်လအတွင်း ကုမ္ပဏီ ၄၀ ကျော်အား ခွင့်ပြုခြင်းဖြစ်သည်။

‘‘အရည်အသွေးနဲ့ပတ်သက် ပြီး အဓိကကြပ်မတ်ချင်လို့ လုပ် တာဖြစ်တဲ့အတွက် အရမ်းကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ။ ကုမ္ပဏီတွေမှာ လိုင်စင်တွေရှိလာတော့ ပိုပြီးအာမခံချက်တွေ ရှိလာနိုင်ပါတယ်’’ဟု Myanmar v-pile ကုမ္ပဏီ အကြီးအကဲ ဒေါက်တာစုန်ဟန်က ၎င်း၏အမြင်ကို ပြော သည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက Soil Test ကုမ္ပဏီများကိုလည်း လိုင်စင်ထုတ်ပေးထားသည်မှာ ကုမ္ပဏီ ၁၁ ခုအထိ ရှိပြီဖြစ်သည်။

Source : 7Day Daily

Facebook comments