၂၀၁၆ မတ်လအတွင်းက ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် လျှောက်ထားသူ အရေအတွက်ပိုမိုများပြား
လာကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ပြောကြားခြင်းများ ရှိခဲ့သော်လည်း မြို့နယ်
အချို့တွင်လုပ်ငန်းမပြီးပြတ်သေးသော ဆောက်လက်စတိုက်များ၊ ဆက်လက်ရင်းနှီးမြုပ်နှံရန် အကြပ်
အတည်းတွေ့နေသော ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းရှင်းအချို့လည်း ရှိနေကြောင်း သိရသည်။
နေရာအကွက်အကွင်းကောင်းမွန်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော နေရာကောင်း တိုက်ခန်း
များအများအားဖြင့် အရောင်းအဝယ် ကြို့ပွိုင့်များ လုပ်ငန်းဖြစ်သော်လည်း အမှန်တကယ်ဝယ်ယူနေထိုင်
လိုသည့် ဝယ်လက် အချို့မှအပ အိမ်ခြံမြေဈေးကွက်အေးနေသည့်အတွက် ရင်းနှီးမြုပ်နှံရန်ဝယ်ယူသည့်
၀ယ်လက်များ မရှိဖြစ်နေကြာင်း သာကေတမြို့နယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။
"အောင်ချမ်းသာလမ်း၊မြေနီလမ်းဘက်တွေမှာ ဆောက်လက်စတိုက်တွေရှိပါတယ် ဘုရားလမ်းထဲမှာ
တွေလည်းဆောက်ပြီးတာတွေရှိတယ် တချို့အခန်းတွေကတော့ အစိုးရသစ်တာဝန်ယူမှုမတိုင်ခင်
၂၀၁၅ နှစ်ကုန်လောက်ထဲကကြိုပွင့်ဝယ်ယူထားတာတွေ အရောင်းဖြစ်ပါတယ် အခန်းပေးအခန်းယူ
ဆောက်ပြီးတဲ့တိုက်တွေဆိုရင် အိမ်ရှင်ကတော့အရှုံးမရှိပါဘူး အကျိုးတူ ဆောက်လုပ်တာဆိုရင်တော့
အိမ်ရှင်ရဲ့ရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းအချိုးအစားအပေါ်တော့ မူတည်တာပေ့ါ အိမ်ရှင်တွေအဖို့တော့ မူလ
အိမ်နေရာမှာလည်း ပြန်နေဖြစ်တယ် အခန်းပိုင်လည်း လေးငါးခန်းရတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်
အကျိုးဖြစ်ထွန်းမှုတော့ ပိုများပါတယ် ကန်ထရိုက်တွေအနေနဲ့တော့ လတ်တလောကာလထိအိမ်တိုက်ခန်း
၀ယ်ရောင်းဈေးကွက်က အေးနေတာကြောင့် အရောင်းအဝယ်ပါးတဲ့အပေါ်မူတည်ပြီး အခက်ခဲ ဖြစ်ကြ
တာမျိုးတော့ ရှိတယ် အခုတချို့ဆောက်လက်စတိုက်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်နှစ်အပြီး
သို့မဟုတ် တစ်နှစ်ခွဲအပြီးဆောက်မယ် လျာထားပေမယ့် ဈေးကွက်ဆင်းနေတဲ့သက်ရောက်မှုက လုပ်ငန်း
အပေါ် ထိတာပေ့ါ" ဟု သာကေတ ၆ ရပ်ကွက်နေ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းက
Property.com.mm သတင်းမီဒီယာသို့ ပြောသည်။
"တချို့တိုက်တွေဆို သတ်မှတ်ကာလထိ မပြီးတဲ့အခါ အိမ်ရှင်တွေအတွက်လည်း အခက်အခဲဖြစ်ရ
ပြဿနာ တတ်ရတာတွေ ဖြစ်တယ် အရောင်းအဝယ်ပါးတဲ့အခါ နှစ်ဦးနှစ်ဘက်ပြန်ညှိနှိုင်းရတာမျိုးတွေ
ဖြစ်လာတာပေ့ါ ဒီကြားထဲ တချို့ ကန်ထရိုက်တွေ လိမ်ပြေးတာခံရတဲ့ အိမ်ရှင်တွေဆို ကန်ထရိုက်က
ပြီးပြတ်အောင်မဆောက်ပဲ ကြို့ပွိုင့်တွေ ရသလောက်ကြိုယူပြီး ပြေးတာတွေလည်း ရှိနေတယ် အိမ်ရှင်
တွေအနေနဲ့ နာမည်ကောင်းရှိတဲ့ ကန်ထရိုက်လုပ်ငန်းရှင်တွေ နောက်ခံစီးပွား အခြေအနေ ခိုင်မာတဲ့
လုပ်ငန်းရှင်တွေကိုလည်း ကိုယ့်အိမ်ကိုယ့်ခြံနေရာ တိုက်မဆောက်ခင် ကြိုတင်လေ့လာပြီးမှ အကျိုးတူ
ပူးပေါင်းလုပ်သင့်ပါတယ်" ဟုဦးကျော်ဝင်းက Property.com.mm မီဒီယာသို့ ပြောကြားသည်။
အချို့ဆောက်လက်စ ကန်ထရိုက်လုပ်ငန်းများတွင် အရောင်းအဝယ်ဈေးကွက် အခြေအနေအပေါ်
မူတည်ပြီး လုပ်ငန်းကြန့်ကြာနှောင့်နှေးမှု မဖြစ်စေရန် ဈေးနှုန်းပြင်ဆင်လျှော့ချပေးခြင်း၊ အရစ်ကျ
ကြို့ပွင့်ရောင်းဝယ်မှု သက်တမ်းကာလ တိုးပေးခြင်းများ ပြုလုပ်ဆောင်ရွက်၍ လုပ်ငန်းအခြေအနေ
ရပ်တည်နိုင်ရန် လုပ်ဆောင် နေမှုများလည်း ရှိနေကြောင်း သိရသည်။
လတ်တလောအခြေအနေတွင်အထပ်မြင့် အဆောက်အအုံများဆောက်လုပ်မှုနှင့်ပတ်သက်၍
ဆောက်လက်စ အဆောက်အအုံများ ခေတ္တရပ်နားထားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ
ညွှန်ကြားချက်အသစ် ထုတ်ပြန် ထားကြောင်း သိရပြီး မြို့ပြဖွံ့ဖြိုးမှုအင်္ဂါရပ်နှင့် ကိုက်ညီပြီး ပိုမိုစနစ်
တကျရှိစေရန်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့ပြီးအထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို
အသေးစိတ်စစ်ဆေးတော့မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ကြေညာချက်
ထုတ်ပြန်ထားသည်။အဆောက်အအုံများကို ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်
ကိုက်ညီ မှသာ ဆက်လက်ဆောက်လုပ်ခွင့်ပြုမည်ဟု သိရသည်။ အထပ်မြင့် အဆောက်အအုံများ
ဆောက်လုပ်ခွင့်ပြုရာတွင်၁၃ထပ်အောက် အဆောက်အအုံများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ က စစ်ဆေး ခွင့်ပြုချက်ပေးနေပြီး ၁၃ထပ်နှင့်အထက်ရှိသော အဆောက်အအုံများကို
အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေး ကော်မတီက စစ်ဆေးပြီးမှ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တိုက်ရိုက်ခွင့်ပြုခြင်းဖြစ်သည်။
ရန်ကုန်မြို့ မြို့နယ်အတော်များများတွင် ကန်ထရိုက်တိုက်ဆောက်ချင်သူ အိမ်ရှင်များ၊ အကျိုးတူပူးပေါင်း
လုပ်ကိုင်လိုသူဆောက်လုပ်ရေးလုပ်ငန်းရှင်များ အများအပြားကျန်ရှိနေဆဲဖြစ်သည်။အများစုမှာလက်ရှိ
အိမ်ခြံမြေဈေးကွက်ဖြစ်တည်မှုအပေါ် စောင့်ကြည့်သုံးသပ်၍ ဈေးကွက်ဝယ်လိုအားကောင်းမွန်နိုင်သည့်
အချိန်အခါကို မျှော်လင့်နေကြပြီးလုပ်ငန်းစတင်ရန် မဝံ့မရဲဖြစ်နေကြသည်ကို လေ့လာသုံးသပ်မိပါသည်။
ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုးအမြတ်နည်းနိုင်သည့် ဈေးကွက်ဖြစ်
တည်မှု အခြေအနေကြောင့် လုပ်ငန်းဆိုင်းငံ့နေကြသောလုပ်ငန်းရှင်များလည်းရှိကာလုပ်ငန်းစတင်
ထားသည့်ကန်ထရိုက်တိုက်များကိုလည်း ကြို့ပွိုင့်များဝယ်လိုများ ကြော်ညာ၍ စောင့်ဆိုင်းလုပ်ကိုင်နေသည့်
အခြေအနေများရှိပါကြောင်း Property.com.mm သတင်းမီဒီယာအဖွဲ့မှရေးသားတင်ပြအပ်ပါသည်။
Property.com.mm Media Team
www.Property.com.mm